လမ်းဘေးကလေးငယ် အယောက် ၁၀၀ ကို ရေချမ်းစင် က ပညာသင်ပေး

လမ်းဘေးကလေးငယ် အယောက် ၁၀၀ ကို ရေချမ်းစင်လမ်းဘေးကလေးငယ်များစာသင်ဝိုင်း က ပညာသင်ပေးနေပါတယ်။

သင်ပေးတဲ့ ကလေးတွေက ပလုံကောက်ကလေးငယ်တွေ၊ဈေးရောင်းတဲ့ ကလေးတွေ၊တောင်းရမ်းစားသောက်တဲ့ကလေးငယ်တွေ ကိုပဲ ဖြစ်ပါတယ်။

စာသင်တဲ့ နေရာတွေကတော့ အင်းစိန်မှာ ၅ ယောက် ၊လှည်းတန်းမှာ၂၅ ယောက် ၊ကန်ဘောင် မှာ ၇ ယောက် ၊ဒညင်းကုန်း မှာ အယောက် ၄၀ ၊လှိုင်သာယာမှာ ၂၃ ယောက် ဖြစ်တယ်လို့ သိရပါတယ်။

နောက်ထပ် ဒလကတောင်းရမ်းစားသောက်တဲ့ကလေးငယ် အယောက် ၅၀ နဲ့ အင်းစိန်ကစံပယ်ပန်းရောင်းတဲ့ ကလေးငယ် ၁၀ ယောက် ကလည်း စာလာသင်ဖို့အကူအညီ တောင်းခံထားတယ်လို့ သိရပါတယ်။

ရချမ်းစင် စာသင်ဝိုင်းကို ဆရာဖြိုးကိုကိုမောင်က တည်ထောင်တာ ဖြစ်ပြီး KG ကနေ ၄ တန်းထိ သင်ကြားပေးနေတာဖြစ်ပြီး စာရေးကိရိယာ၊စာအုပ်၊လွယ်အိတ်နဲ့ အာဟာရဒါနတွေအတွက် စေတနာရှင်တွေက ပါဝင်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *