လမ်းညွှန်စနစ်အသစ် ပါတဲ့ ဒုံးကျည်အသစ် မြောက်ကိုရီးယားက စမ်းသပ် ပစ်လွှတ်

ဆိုးလ်၊ ဩဂုတ် ၂၈

ပြုံယမ်းဟာ  သူတို့ရဲ့ လက်နက်တိုက်ကို အဆင့်မြှင့်ဖို့အတွက် လမ်းညွှန်စနစ်အသစ် တပ်ထားတဲ့ ၂၄၀ မီလီမီတာ  ဒုံးကျည်အသစ်ပစ်လွှတ်စမ်းသပ်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင် ကိုယ်တိုင် ကြီးကြပ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဗုဒ္ဓဟူးနေ့ (သြဂုတ် ၂၈) မှာပြောဆိုလိုက်ပါတယ်။

ဆိုးလ်နဲ့ အနီးနား ဒေသတွေကို တိုက်ခိုက်နိုင်စွမ်းရှိတယ်လို့  သိကြတဲ့ ၂၄၀ မီလီမီတာ  ဒုံးကျည်ပစ်လွှတ်မှု အသစ်အောင်မြင်ရင် စစ်တပ်ကို တပ်ဆင်မှာ ဖြစ်တယ်လို့  ပြောဆိုပြီး သုံးလအကြာ အခု စမ်းသပ်မှုပေါ်လာခဲ့ တာဖြစ်ပါတယ်။

မြောင်ကိုရီးယားဟာ မကြာသေးခင်က မော်စကိုနဲ့ စစ်ဘက်ဆက်ဆံရေးကို အားကောင်းစေခဲ့ပြီး  ယူကရိန်းမှာ အသုံးပြုဖို့  ရုရှားကို ပေးပို့မယ့်  အမြောက်နဲ့ ခရုဇ်ဒုံးကျည်တွေကိုလည်း  အရှိန်မြှင့်ထုတ်လုပ်နေတယ်လို့ သိရပါတယ်။

Ref: AFP

ပုံစာ။ ၂၄၀ မီလီမီတာ ဒဒးကျည်ကို စမ်းသပ်နေပုံ

Feature Image credit: ARMY RECOGNITION

Visited 43 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *