အသက်(၄၉)နှစ်အရွယ် အက်ဒ် ဂါးစ်ရင်ကေဗစ်ဟာ ဇူလိုင်၈ရက်က ရီဂါမြို့မှာ လတ်ဗီယာသမ္မတအဖြစ် ကျမ်းသစာကျိန်ဆိုခဲ့တယ်။ ၂၀၁၁ ခုနှစ် မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ်တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ ရင်ကေဗစ်ကို လွန်ခဲ့တဲ့မေလတုန်းက ပါလီမန်ကနေ သုံးကြိမ်မဲပေးပြီး သမ္မတဖြစ်ရွေးကောက် တင်မြှောက်ခဲ့တာဖြစ်ပါတယ်။
သူ့အနေနဲ့ ၂၀၁၄ခုနှစ်ကတည်းက လိင် တူအခွင့်အရေးအတွက် ရှေ့ဆုံးကနေဦး ဆောင်လှုပ်ရှားခဲ့တယ်။ သူကိုယ်တိုင် လည်း ယောကျ်ားမဟုတ် မိန်းမ မဟုတ် တဲ့ကြားလိင်အဖြစ် အတိအလင်း ထုတ် ဖော်ကြေညာခဲ့တဲ့အတွက် အခုသူ သမ္မတ ဖြစ်လာတဲ့အခါ ဥရောပသမဂ္ဂရဲ့ ပထမဆုံး ကြားလိင်သမ္မတအဖြစ် မှတ်တမ်း ဝင်ခဲ့ တယ်။
မိမိသမ္မတအဖြစ်တာဝန်ယူခွင့်ရတဲ့သက်တမ်းကာလအတွင်းမှာ လတ်ဗီယာကို ခေတ်မီပြီး ခိုင်မာတောင့်တင်းတဲ့ နိုင်ငံ ဖြစ်လာအောင် ကြိုးပမ်းဆောင်ရွက်သွား မယ်။ အကျင့်ပျက်ခြစားမှုတိုက်ဖျက် မယ်။ လူမှုအခွင့်အရေး သာတူညီ မျှမှုရှိအောင် ပြုပြင်ပြောင်းလဲမယ်။ ပြည်သူလူထုသာယာဝပြောအောင် ကြိုးပမ်း
မယ်။ အားလုံးပူးပေါင်းဆောင်ရွက်သွား ရင်အောင်မြင်မယ်လို့ ယုံကြည်ကြောင်း ရင်ကေဗစ်က ထုတ်ဖော်ပြောကြား တယ်။
လတ်ဗီယာဆိုတာ ဆိုဗီယက်ယူနီယံက ခွဲ ထွက်လာတဲ့ ဘောလ်တစ်နိုင်ငံသုံးနိုင်ငံ ထဲက တစ်နိုင်ငံဖြစ်တယ်။ ကျန်နှစ်နိုင် ငံက အက်စတိုးနီးယားနဲ့ လစ်သူယေးနီး ယားတို့ဖြစ်ပါတယ်။
Ref:BBC