လတ်တလော တင်းမာမှုတွေ မြင့်တက်နေတဲ့ ရုရှား ယူကရိန်းအရေး ကုလလုံခြုံရေးကောင်စီမှာ အင်အားကြီးနိုင်ငံတွေ ထိပ်တိုက်တွေ့

ဝါရှင်တန်။ ဖော်ဖေါ်ဝါရီ ၁

ယူကရိန်းနယ်စပ်မှာ မော်စကိုတပ်တွေ အခြေစိုက်မယ့်အရေး အမေရိကန်က ခေါ်ယူတဲ့ ကုလအစည်းအဝေးမှာ အမေရိကန်နဲ ့ ရုရှားသံတမန်တွေ တစ်ဖက်နဲ့တစ်ဖက် အကြီးအကျယ်ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီးက “ ဒီလိုလုပ်ဆောင်မှုဟာ  နှစ်များစွာအတွင်း ဥရောပမှာ အကြီးကျယ်ဆုံး ပဲ” ကုလမှာပြောဆိုလိုက်ပါတယ်။

ရုရှားဖက်ကလည်း အမေရိကန်ရဲ့ လုပ်ရပ်ဟာ ဘယ်လိုမှာလက်မခံနိုင်တဲ့ စွက်ဖက်မှုလို့ တုန့်ပြန်ပါတယ်။ ဒါက ရန်စတာလိ်ုလည်းပြောပါတယ်။

အမေရိကန်နဲ့ ဗြိတိန်ကတော့ ရုရှားအနေနဲ့ ယူကရိန်းကို ထပ်မံ ကျူးကျော်မှုတွေ လုပ်လာရင်တော့ အရေးယူပိတ်ဆို့မှုတွေထပ်တိုးလုပ်မယ်လို့ သတိပေးထားပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လစ် ထရပ်စ်ကလည်း ပိုပြီးထိရောက်တဲ့ စီးပွားရေးပိတ်ဆိုမှုတွေ ကလင်မလင်ကို  ပိုပြီး ကျယ်ကျယ်ပြန်ပြန့် လုပ်ဆောင်မယ့်အကြောင်းထည့်သွင်းပြောကြားပါတယ်။

ဝါရှင်တန်ရဲ ့အရေးယူမှုဟာ ရုရှားရဲ့ ဘဏ္ဍာရေးကို နိုင်ငံတကာနဲ ့ ဖြတ်တောက်မယ့် အစီအစဉ်ပါ။

ဒီနေ့အထိ ရုရှားက သူရဲ့တပ်ဖွဲ့ဝင် တစ်သိန်းခန့်နဲ့အတူ တင့်ကားများ၊အမြောက်များနဲ ့ဒုံးကျည်များစွာကို  ယူကရိန်းနယ်စပ်မှာ ချထားပြီးလည်း ဖြစ်ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ကတော့ ရှေ့သီတင်းပတ်ထဲမှာ ယူကရိန်းနိုင်ငံမြို့တော် ကီယက်ဖ်ကို သွားရောက်ပြီး သွေးထွက်သံယိုမှုများကို တားဆီးရန်နဲ့ သံတမန်နည်းလမ်းကို အသုံးပြုနိုင်ရေး သွားရောက်ဆွေးနွေးမှာဖြစ်တယ်လို့ သိရပါတယ်။

BBC

Visited 16 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *