လစ်ဘရယ်ဒီမိုကရက်တစ်တွေ အာဏာရလာပေမယ့် စစ်တပ်နဲ့ရှေးရိုးစွဲတွေ အားကောင်းနေဆဲ ထိုင်းနိုင်ငံရေးဇာတ်ခုံ

၂၀၂၄ ဩဂုတ်လထဲမှာ ဆရီတာ ထာဝီဆင်း ကို ဝန်ကြီးချုပ် ရာထူးကနေ အခြေခံဥပဒေရုံးက  ဖြူတ်ချလိုက်တဲ့နောက် အားလုံးအံ့အားသင့်ခဲ့ရပါတယ်။ ဒါက ထိုင်းနိုင်ငံရေးမှာ ကမောက်ကမ အဖြစ်အပျက်တွေ ရှိနေတုန်းပဲဆိုတဲ့ ပြရုပ်တစ်ခု ဖြစ်လာခဲ့တယ်။

ဆရက်တာ ထာဝီဆင်း ရာထူးက ဖယ်ရှားခံရတာက ထိုင်းနိုင်ငံရေးစင်မြင့်ထက်မှာ ရှေးရိုးစွဲတွေရဲ့ သြဇာလွှမ်းမိုးမှုတွေ အားကောင်းမောင်းသန်ဖြစ်နေတုန်းပဲလို့ သုံးသပ်နေကြတယ်။

ကျင့်ဝတ်ဆိုင်ရာ လမ်းညွှန်ချက်တွေ  ချိုးဖောက်တဲ့အမှုနဲ့  အာဏာရ ဖြူထိုင်းပါတီရဲ့  ၀န်ကြီးချုပ် ဆရက်တာ ထာဝီဆင်းကို သြဂုတ်လ (၁၄) ရက်နေ့မှာ  ရာထူးက ထုတ်ပယ်ကြောင်း ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက  စီရင်ချက်ချခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စရဲ့ နောက်ကွယ်မှာ ကြိုးကိုင်သူတွေက စစ်တပ်နဲ့  ရှေးရိုးစွဲအသိုင်းအဝိုင်းတွေလို့ စွပ်စွဲသံတွေလည်း ကြားလာရတယ်။

အလားတူ အဖြစ်အပျက်တစ်ခုလည်း ရှိနေပါသေးတယ်။ ထိုင်းနိုင်ငံမှာ လူငယ်ပညာတတ် မျိုးဆက်သစ်တွေကြားရေပန်းစားပြီး ရွေးကောက်ပွဲမှာလည်း အောင်မြင်ခဲ့တဲ့ အတိုက်အခံပါတီတစ်ခု ဖြစ်တဲ့Move Forwardပါတီ ကို  ဖျက်သိမ်းခံခဲ့ရတယ်။ နောက်ဆက်တွဲအနေနဲ့ ပါတီခေါင်းဆောင် ပီတ  ကိုလည်း ၁၀နှစ်တာ နိုင်ငံရေး လောကထဲ ပြန်ဝင်မလာဖို့ အမိန့်ပေး ပစ်ဒဏ်ချခဲ့ပြန်တယ်။

ဒီအဖြစ်အပျက်တွေက ထိုင်းနိုင်ငံမှာ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်တွေ ဩဇာအာဏာကြီးတုန်းပဲဆိုတာကို ထုတ်ပြလိုက်တဲ့ဇာတ်ကွက်တစ်ခုဆိုတာ သိသာပါတယ်။

၂၀၂၄ ဩဂုတ် ၁၆ရက် သောကြာနေ့မှာတော့ အောက်လွတ်တော်က ဝန်ကြီးချုပ်အသစ်ကို မဲပေးရွေးခဲ့ကြတယ်။

မဲ့ပေးခွင့်ရှိသူ ၄၉၃ ယောက်ထဲကမှ  အနည်းဆုံး ၂၄၇ ယောက်ရဲ့ ထောက်ခံမဲကို ရရမှာဖြစ်ပါတယ်။      မဲခွဲအပြီးမှာတော့ ဖြူထိုင်းပါတီရဲ့ဝန်ကြီးချုပ်လောင်း ပေတွန်တန် ရှင်နာဝပ်ထရာက ထောက်ခံမဲ ၃၁၉ မဲနဲ့ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်အသစ် ဖြစ်လာခဲ့ပါတယ်။

ထူးခြားချက်အနေနဲ့  အရင်နှစ်တွေနဲ့မတူဘဲ အထက်လွှတ်တော်အမတ်အသစ်တွေက ဝန်ကြီးချုပ်ဖြစ် လာမယ့် သူကို မဲပေးခွင့်မပေးတော့ပဲ ဖြစ်ပါတယ်။

မဲပေးမယ့်နေ့သောကြာနေ့မတိုင်ခင် ကြာသပတေးနေ့မှာတော့  အာဏာရညွန့်ပေါင်းပါတီ ၁၁ပါတီက အပြင်းအထန်ဆွေးနွေးခဲ့ကြအပြီး  ဖြူးထိုင်းခေါင်းဆောင်လည်းဖြစ်   ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့  အသက် ၃၇နှစ်အရွယ် အငယ်ဆုံးသမီးလည်း ဖြစ်တဲ့ ပေတွန်တန် ရှင်နာဝပ်ထရာကို သူတို့ရဲ့ တစ်ဦးတည်းသော ၀န်ကြီးချုပ်လောင်းအဖြစ် ကြေငြာခဲ့ကြပါတယ်။

ဒီလိုနဲပဲ ရှင်နာဝပ် မိသားစုရဲ့  တတိယမြောက် ဝန်ကြီးချုပ်လည်း ဖြစ်သလို အသက်အငယ်ဆုံးဝန်ကြီးချုပ်ဆိုတဲ့ သမိုင်းသစ်ကို ရေးထိုးခဲ့ကြပါတယ်။

ဖြူထိုင်းပါတီဟာ အောက်လွှတ်တော်မှာ ၃၁၄နေရာရထားလို့ ဖြူထိုင်းမဟာမိတ် ညွှန်ပေါင်းတွေက ပေတွန်တန်  မဲအနိုင်ရဖို့ အလားအလာကောင်းနေပေမယ့်လည်း Bhumjaithai Party (BJT) ပါတီ၊  Palang Pracharath (PPRP)ပါတီနဲ့   ရှေးရိုးစွဲပါတီ တွေရဲ့ အတားအဆီးတွေကို နောက်ဆုံးမိနစ်တွေအထိ ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

နောက်ဆုံးတော့ ပြည်သူအများစုထောက်ခံတဲ ဖြူထိုင်းပါတီကပဲ အစိုးရနေရာကို ဆက်ပြီး ထိန်းထားနိုင် ခဲ့ပါတယ်။

ဒီနေရာမှာ ရှနာဝပ်မိသားစုရဲ့ နိုင်ငံရေးသမိုင်းကို ခြေရာပြန်ကောက်ကြည်မယ်ဆိုရင် သက်ဆင်ဟာ ၂၀၀၁ကနေ ၂၀၀၆ခုနှစ်အထိ ဝန်ကြီးချုပ်တာဝန်ယူခဲ့တယ်။ ၂၀၀၆ခုနှစ် အရောက်မှာတော့ စစ်တပ်က အာာသိမ်းပြီး သက် ဆင်ကို ဖယ်ထုတ်လိုက်တယ်။ ၂၀၁၁ခုနှစ်ကို ရောက်တော့ သက်ဆင်ရဲ့ ညီမအရင်းဖြစ်တဲ့ ယင်လတ် ရှင်နာဝပ်က ဝန်ကြီးချုပ်ရာထူးကို ရယူနိုင်ခဲ့တယ်။

၂၀၁၄ ခုနှစ် မေလ ၇ ရက်နေ့ရောက်တော့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ယင်လတ်ကို  ဝန်ကြီး ချုပ်နေရာ ဖယ်ရှားပစ်ခဲ့တယ်။  ပြီးတော့ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တယ်။

အခု ၂၀၂၄ ဩဂုတ်လမှာ ရှင်နာဝပ်မိသားစု မျိုးဆက်သစ်က တတိယမြောက်ဝန်ကြီးချုပ်ရာထူးကို ထပ်ပြီး ရယူနိုင်ခဲ့ပြန်တယ်။လွယ်လွယ်တော့ ရခဲ့တာ မဟုတ်။ ခရီးလမ်းက ကြမ်းခဲ့တယ်။ ရှေဆက်ရမယ့် လမ်းတွေကလည်း ပန်းခင်း ထားတာတော့မဟုတ်၊ ဖြူထိုင်းရဲ့ တစ်ကြောပြန်ပွဲဦးထွက်မှာတင် မုန်တိုင်းက ထန်ခဲ့ပြီ။

ဒီနေ့အခင်းအကျင်းအတိုင်းဆိုရင်တော့ ရှေးရိုးစွဲတွေနဲ့ ဗျူရိုကရက်အကြီးစားကြီးတွေက စစ်တပ်နဲ့ ပလဲနံပသင် ကြလေတော့ ဒီတစ်ခေါက် ပေတွန်တန် ရှင်နာဝပ်ထရာတစ်ယောက် ရှင်နာဝပ်မိသားစု့ရဲ့ နိုင်ငံရေးကျိန်စာ အောက် ကနေ ရုန်းထွက်လွတ်မြောက်သွားနိုင်တော့မလား စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

၂၀၁၄၊ ဩဂုတ် ၁၇ ရက်စွဲနဲ့ CNA NEWS က ဖော်ပြတဲ့ “Thai politics once again in turmoil, after PM Srettha’s shock dismissal” ဆောင်းပါကို ဆီလျှော်အောင် ပြန်ဆိုထားတာ ဖြစ်ပါတယ်။

Photo Credit: Reuters

Visited 52 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *