လစ်ဗျား ရေလွှမ်းမိုးမှု လူ ၆၀၀၀ကျော်သေဆုံးပြီး  ထောင်ပေါင်းများစွာ ပျောက်ဆုံးနေ

ရေပြန်ကျအပြီး ပျက်စီးကျန်ခဲ့တဲ့ ဒါနာမြို့
photo Credit: AFP

ဒါနာ၊ စက်တင်ဘာ ၁၅

လစ်ဗျားဆိပ်ကမ်းမြို့  ဒါနာကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ရက်နေ့က  ကြောက်မက်ဖွယ် ဆူနာမီလှိုင်းလုံးကြီးတွေ ဝင်လာ ပြီး တဲ့နောက်မှာတော့ ရေလွှမ်းမိုးမှုတွေ ဖြစ်ပြီး  ဒီနေ့အထိ လူပေါင်း ၆၀၀၀ ထက်မနည်း သေဆုံးခဲ့ပြီး လူထောင်ပေါင်းများ စွာ လည်း ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

လွန်ခဲ့တဲ့ စက်တင်ဘာ ၁၀ရက် တနင်္ဂနွေနေ့နှောင်းပိုင်းမှာ မုန်တိုင်းထန်ခဲ့ပြီး ဆူနာမီလှိုင်းတွေပါ တက်လာတာမို့ ရေလွှမ်း မိုးမှု ခံခဲ့ရသလို အထက်ပိုင်းကရေကာတာနှစ်ခုကလည်း ကျိုးပေါက်ခဲ့ပြန်တာမို့ ဒါနာ တစ်မြို့လုံး ထွက်ပေါက်မရှိ သလို ဖြစ်သွားပြီးတဲ့နောက် မရေမတွက်နိုင်တဲ့ လူပေါင်းများစွာဟာအသက် အိုးအိမ်တွေကို ပေးဆပ်လိုက်ကြရပါတယ်။

“စက္ကန့်ပိုင်းထဲမှာ ရေတွေရုတ်တရက်တက်လာတယ်” လို့  ဒဏ်ရာပဲရပြီး အသက်ရှင်ကျန်ရစ်ခဲ့တဲ့သူ တစ်ယောက်က ပြော ပြပါတယ်။ သူ့အမေကတော့ ရေစီးထဲ မျောပါသွားခဲ့တယ်လို့ ဆိုပါတယ်။

ဘန်ဂါဇီ  ဆေးဘက်ဆိုင်ရာစင်တာတစ်ခုက အမျိုးသား တစ်ယောက်ကတော့ “ကျွန်တော်တို့ စတုတ္ထထပ်ကိုရောက်တဲ့အထိ ရေက ကျွန်တော်တို့နဲ့အတူ တက်လိုက်လာပေမယ် ရေက ဒုတိယထပ်မှာပဲ  ဆက်တက်မလာဘူး”  “နောက်တော့ အော်သံ တွေ ကြားရတယ်။ ပြတင်းပေါက်ကနေ ရေထဲမျှောလာတဲ့ ကားတွေနဲ့ အလောင်းတွေကို တွေ့တယ်။ တစ်နာရီ ဒါမှမဟုတ် တစ်နာရီခွဲလောက် ကြာတယ်၊ ဒါပေမယ့် ငါတို့အတွက်က တစ်နှစ်လောက် ခံစားရတယ်”    ဆိုပြီး ဆေးရုံကုတင်ပေါ်ကနေ ပြောပြခဲ့ပါတယ်။

ဒီနေ့မှာတော့  ရာနဲ့ချီတဲ့  ရုပ်အလောင်းအိတ်တွေဟာ ဒါနာမြို့ရဲ့ လမ်းမတွေပေါ်မှာ မြုပ်နှံပေးမယ့်သူကိုစောင်နေကြပါတယ်။ ဒဏ်ရာရပြီး ဝမ်းနည်းပူဆွေးနေတဲ့ သူတွေ ရှိသလို  ပျောက်ဆုံးနေတဲ့သူတွေ ပြန်တွေ့လေမလားဆိုပြီး အဆောက်အဦ တွေနဲ့ တောင်လိုမောက်နေတဲ့ သဲပုံ ကြီးတွေဆီမှာ နည်းပေါင်းစုံနဲ့ ရှိဖွေနေကြတာတွေလည်း တွေ့ရတယ်လို့ သိရပါတယ်။

Ref: AFP/kg

ပုံစာအညွှန်း။  မိသားစုတွေ သေကြေပျောက်ဆုံး ခဲ့ကြလို့ ကြေကွဲနေရကြရသူများ

Feature Image credit: AFP

Leave a Reply

Your email address will not be published. Required fields are marked *