ကမ္ဘာ့ဒုတိယအကြီးဆုံး အထည်ချုပ်စက်ရုံ ၄၀ နီးပါး ပိတ်သိမ်းထားရ
ဒါကာ၊ နိုဝင်ဘာ ၉
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရာနဲ့ချီတဲ့ အထည်ချုပ် လုပ်သားတွေဟာ အစိုးရက တိုးပေးတဲ့ လုပ်ခလစာကို မကျေနပ်လို့ နိုဝင်ဘာ ၈ရက် ကြာသပတေးနေ့ က ဆန္ဒပြနေတဲ့ အချိန် ရဲတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး ပြင်းပြင်းထန်ထန် ဖြိုခွင်းခံ ခဲ့ရတယ်လို့ သိရပါတယ်။
ဆန္ဒပြနေလို့ ကမ္ဘာ့ဒုတိယအကြီးဆုံး အထည်ချုပ်စက်ရုံ ၄၀ နီးပါး လည်း ပိတ်ထားရပါတယ်။
ဆန္ဒပြသူတွေက ရဲတွေကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့သလို မြို့တော်ဒါကာရဲ့ ဆင်ခြေဖုံးနေရာ ဂါဇီပူက အထည် ချုပ်စက်ရုံ တွေကိုလည်း ဖျက်ဆီးခဲ့တယ်လို့ မျက်မြင်သက်သေတွေက ကပြောတဲ့အကြောင်းလည်း သိရပါတယ်။
“ကျွန်တော်တို့ အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်” လို့ ဒေသဆိုင်ရာ ရဲအရာရှိ အင်မရမ် အာမက်က ပြောပါတယ်။ အာဏာပိုင်တွေကလည်း ဂါဇီပူနဲ့ အာရှူလီယာ စက်မှုဇုန် တစ်ဝိုက်မှာ ရဲတပ်ဖွဲ့တွေ အပါအဝင် အရံတပ်ဖွဲ့တွေကိုပါ တိုးပြီးချထားကြောင်းလည်း သိရပါတယ်။
အထည်ချုပ်လုပ်ငန်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အဓိကကျတဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး တိုင်းပြည် GDP ရဲ့ ၁၆ ရာခိုင်နှုန်း အထိရှိ ပါတယ်။ အစိုးရက လာမယ့် ဒီဇင်ဘာ၁ရက်နေ့ကစ အနိမ့်ဆုံးလစဉ်လုပ်ခ ၅၆ ဒသမ ၂၅ ရာခိုင်နှုန်း တိုးပေးမယ်လို့ ပြော ခဲ့တဲ့အပေါ် အလုပ်သမားတွေက အထွေထွေ မလုံလောက်မှုတွေကြောင့် အခုလို လမ်းပေါ်ထွက်လာခဲ့ကြတာ ဖြစ်ပါတယ်။
“ဈေးတွေက တဟုန်ထိုး တက်နေတယ်။ ထိုက်တန်တဲ့ လစာကို တောင်းဆိုနေတယ်။ တောင်းဆိုချက် မပြည့်မချင်း အလုပ် ပြန်လုပ်မှာ မဟုတ်ဘူး” ဆိုပြီး ဆန္ဒပြတဲ့သူ တစ်ယောက်က ပြောပါတယ်။
ဒါတင်မက ဝန်ကြီးချုပ် ရှိတ် ဟာစီနာ နုတ်ထွက်ပေးတောင်းဆိုပြီး အိမ်စောင့်အစိုးရအောက်မှာ လွတ်လပ်ပြီး တရားမျှတ တဲ့မဲပေးခွင့်ရဖို့ စတာတွေကိုပါ တောင်းဆိုနေတဲ့ ဆန္ဒပြသူ တွေကို လူစုခွဲဖို့ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ရော်ဘာ ကျည်ဆန်တွေ သုံးပြီး ဖြိုခွင်းခဲ့လို့ နိုဝင်ဘာ ၉ရက် ဗုဒ္ဓဟူးနေ့က အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
Ref: Reuters/ec
ပုံစာ။ ဆန္ဒပြသူတွေကို ဖိုခွင်းဖို့ ရောက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့များ
Feature Image Credit: REUTERS/Mohammad Ponir