လင်းပိုင်တွေသေဆုံးမှု သြစတြေးလျ စွမ်းအင်ကုမ္ပဏီကြီး ဆန်းတို့စ် ရင်ဆိုင်နေရ

ယိုဖိတ်နေတဲ့ ရေနံတွေကြားမှာ သေဆုံးနေတဲ့ လင်းပိုင်များ
Photo Credit: Australian Senate

ဆစ်ဒနီ၊ ဖေဖေါ်ဝါရီ ၁၇

သြစတြေးလျအနောက်ပိုင်း (WA) မှာ  လွန်ခဲ့တဲ့နှစ်က လင်းပိုင်တွေ  သေဆုံးခဲ့ရတာ ယိုဖိတ်နေတဲ့ ရေနံတွေ ကြောင့်လို့ ဆို ကာ ရေနံယိုဖိတ်တာကို တာဝန်ရှိတဲ့ စွမ်းအင်ကုမ္ပဏီကြီး ဆန်းတို့စ်ကို သက်ဆိုင်ရာက အရေးယူဖို့ ကြိုးစားနေပါတယ်။ ဒါ့အပြင်  ဒီဖြစ်ရပ်ကို ဆန်းတို့စ်က ဖုံးကွယ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိနေ တယ် လို့ သိရပါတယ်။

 ၂၀၂၂ မတ်လက ဆန်းတို့စ်ကြောင့် လို့ စွပ်စွဲထားတဲ့  ယိုဖိတ်နေတဲ့ဆီလွှာတွေ နားမှာ သေဆုံးနေတဲ့ လင်းပိုင် တွေကို တွေ့ ခဲ့ တယ် လို့  အခုသီတင်းပတ်ထဲ  လွှတ်တော် ရဲ့ ထုတ်ပြန်ချက်မှာ သတင်းပေးသူရဲ့ အချက်အလက်တွေကို အကိုးအကား လုပ်ပြီးဖော်ပြထားတယ်လို့ သိရပါတယ်

ဆန်းတို့စ်ကတော့ ဘယ်ရီးနတ်စ်မှာရှိတဲ့ သူတို့ရဲ့ စက်ရုံကနေ ယိုဖိတ်မှု  တစ်စုံတစ်ရာမရှိခဲ့ဘူးလို့လည်း ကနဦးကတည်း က ငြင်းဆိုထားတယ်လို့ သိရပါတယ်။

အခင်းဖြစ်ပြီး မကြာခင် ၂၀၂၂ ဧပြီ တုန်းကတော့ ဆန်းတို့စ်က  WA Today သတင်းစာနဲ့ တွေ့ဆုံရာမှာ အဲဒိဖြစ်ရပ် ဟာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုနည်းနည်းလေးပဲရှိတဲ့  “အသေးအဖွဲယိုဖိတ်မှု”  တစ်ခုသာ ဖြစ်တယ် ဆိုတဲ့ စကား မျိုး ပြောခဲ့ဖူးတယ်လို့ သိရပါတယ်။

ဒါ့အပြင် ယိုဖိတ်မှုဖြစ်ပြီး နာရီနည်းနည်းလေးအကြာမှာပဲ သေဆုံးနေတဲ့ လင်းပိုင်တွေကို တွေ့ရတာဟာ အခြား သံသယ ဖြစ်စရာတွေ ရှိနေနိုင်သေးတယ်လို့  နိုဝင်ဘာလမှာ ဆန်းတိုစ်ဘက်က စောဒက တက်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဖြစ်အပျက်အပြီး တစ်ပတ်ကျော်ကြာတဲ့အထိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူတွေကို ကျွန်းကို မစေ လွှတ်တာကြောင့် ကုမ္ပဏီက ဖြစ်စဥ်ကို  အသေအချာ မသိနိုင်ခဲ့ဘူးလို့  ပြောပါတယ်။

ဩစတြေးလျအနောက်ဖက်ကန်းရိုးတန်း(WA) ကနေ ၇၆၅ ကီလိုမီတာ (၄၆ မိုင်) အကွာမှာရှိတဲ့ လိုဝန်ဒါး ကျွန်း တွေဟာ “သန့်ရှင်းသပ်ရပ်တဲ့ သဲသောင်ပြင်တွေ၊ ကျက်သရေရှိ လှတဲ့အပြာရောင် စိမ်းပြာရေ” တွေသာ  မက  “ပေါများလှတဲ့ ရေအောက်သတ္တဝါတွေနဲ့  ငှက်မျိုးစုံ ” တွေကြောင့် လူသိများတဲ့ နေရာ တစ်ခုလည်း ဖြစ်ပါတယ်။

“စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေက ဆန်းတို့စ် ကို နမူနာယူဖို့ အရေးကြီးတယ်။ အသေးအမွှား ဒဏ်ငွေက ဒီလို မျိုး  ထပ်မဖြစ်အောင် ကာကွယ်ဖို့ မလုံလောက်ပါဘူး” လို့ တာဝန်ရှိသူ မက်ဂီ ဝုဒ်  က ပြောပါတယ်။

အခုလိုမျိုးပြသနာမှာ စွပ်စွဲချက်က  အခင်းဖြစ်ပြီး တစ်နှစ်လောက်ကြာမှသာ သတင်းပေးတဲ့သူ တစ်ဦးကြောင့်  ပေါ်လာ တာမျိုးကလည်း စိုးရိမ်စရာလို ဆိုပါတယ်။

အခြေနေတွေနဲ့ ပတ်သက်လို့ ဘီဘီစီရဲ့ ဆက်သွယ်မေးမြန်းတာတွေကို လည်း ဆန်းတို့စ်က ပြန်ဖြေတာမျိုး ခုထိ မရှိသေး ဘူး လို့လည်း သိရပါတယ်။

ရေနံယိုဖိတ်မှု ဖြစ်ခဲ့တဲ့ နေရာနဲ့ သိပ်မဝေးတဲ့ ဘယ်ရီးနက်စ်ကျွန်းပေါ်က ဆန်းတို့စ်ရဲ့ စွမ်းအင်စက်ရုံ
Photo Credit: Santos

Ref: BBC

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *