လက်ဘနွန်မှာ ပေါက်ကွဲခဲ့တဲ့ ပေ့ဂျာတွေ ကိစ္စ ထိုင်ဝမ် တာဝန်ရှိသူတွေက လူ နှစ်ယောက်ကို စုံစမ်း စစ်မေးနေ

တိုင်ပေ၊ စက်တင်ဘာ ၂၀

လက်ဘနွန်က ဟစ်ဇ်ဘိုလာ စစ်ဆင်ရေး အရာရှိတွေ အသုံးပြုနေတုန်း  ပေါက်ကွဲခဲ့တဲ့ ပေ့ဂျာကိရိယာ တွေနဲ့ ပတ်သက်တဲ့ စုံစမ်းရေး ကိစ္စမှာ ထိုင်ဝမ် တာဝန်ရှိသူတွေက ထိုင်ဝမ်က  လူနှစ်ယောက်ကို စစ်ဆေးမေးမြန်းခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေက သောကြာနေ့ (စက်တင်ဘာ ၂၀) က ပြောပါတယ်။

ကိရိယာတွေက ထိုင်ဝမ်ထုတ် ပစ္စည်းတွေ မဟုတ်ဘူးလို့ လည်းအခိုင်အမာ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့  စက်တင်ဘာ ၁၇ နဲ့ ၁၈ရက်တွေမှာ လက်ဘနွန်တစ်ဝှမ်း ရာနှင့်ချီတဲ့ ပေ့ဂျာတွေနဲ့ ဝေါ်ကီတော်ကီတွေ ပေါက်ကွဲခဲ့ပါတယ်။ ပေါက်ကွဲခဲ့တဲ့ နေရာတွေဟာ ဟစ်စဘိုလာ အဖွဲ့တွေ ကျင်လည်တဲ့ နေရာလို့လည်း သိရပါတယ်။ ပေါက်ကွဲမှုကြောင့် လူ ၃၇ယောက်သေဆုံးပြီး အယောက် ၃၀၀၀နီးပါး ဒဏ်ရာ ရထားတယ်လို့  တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။

ပေါက်ကွဲပြီးတဲ့နောက် ဒီပစ္စည်းတွေကို ဘယ်နိုင်ငံက ထုတ်လုပ်ပြီး၊ ဘယ်လို လမ်းကြောင်းက တင်သွင်းခဲ့ တာလည်းဆိုတဲ့ မေးခွန်းက အရေးကြီးတဲ့ အချက်လို့  ပေါက်ကွဲမှု စုံစမ်းစစ်ဆေးနေတဲ့ အဖွဲက ပြောပါတယ်။

New York Times ရဲ့ သတင်းတစ်ပုဒ်မှာတော့ ထိုင်ဝမ်က တင်သွင်းခဲ့တဲ့ ပေ့ဂျာတွေမှာ ပေါက်ကွဲစေတဲ့ အရာ တွေ ပါဝင်နေတဲ့ အကြောင်း ဒါက အစ္စရေးရဲ့ အစီအမံလို့ အတည်မပြုနိုင်သေးတဲ့သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

“ကျနော်တို့နိုင်ငံက ဒီအမှုကို အရမ်းအလေးထားပါတယ်” လို့ တိုင်ပေ ရှိလင်းခရိုင်တရားရုံးရဲ့ အစိုးရရှေ့နေ တစ်ယောက်က စက်တင်ဘာ ၂၀ရက်  မှာ ပြောဆိုခဲ့ပါတယ်။

 “ထိုင်ဝမ်ကုမ္ပဏီက လူနှစ်ယောက်ကို သက်သေအဖြစ် ထပ်မံတွေ့ဆုံမေးမြန်းဖို့ စုံစမ်းစစ်ဆေးရေးဗျူရိုရဲ့ အမျိုးသားလုံခြုံရေးစခန်းကို မနေ့က ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။

Ref: AFP

Feature Image credit: BUSINESS TODAY

Visited 45 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *