
Photo Credit: KNCA
ဆိုးလ်၊ စက်တင်ဘာ ၁၂
ရုရှားကို လက်နက်မရောင်းဖို့ အမေရိကန်ရဲ့ သတိပေးချက် ထွက်လာအပြီး သီတင်းပတ်အကြာမှာပဲ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်ဟာ ရုရှားနိုင်ငံကို ရောက်သွားပြီဆိုတဲ့ သတင်းကိုဂျပန်မီဒီယာတွေက စက်တင်ဘာ ၁၂ ရက်အင်္ဂါ နေ့ မှာ ဖော်ပြလိုက်ပါတယ်။
ကရင်မလင်မှာ သမ္မတ ဗလာဒီမာပူတင်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုတစ်ခု ဖြစ်လာနိုင်တယ်လို့ ဝါရှင်တန်ကသတိပေး ထားသလို လက်နက်ရောင်းချဖို့ကို မလုပ်ဖို့ ရှင်းရှင်းလင်းလင်း သတိပေးထားပြီးလည်း ဖြစ်ပါတယ်။
ကင်ဂျုံအွန်က သူ့ရဲ့ကိုယ်ပိုင်ရထားနဲ့ ပြုံယမ်းကနေ ရုရှားကို စက်တင်ဘာ ၁၀ရက် တနင်္ဂနွေနေ့က ထွက်ခွာခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာ(KNCA)ကလည်းစက်တင်ဘာ ၁၂ရက် အင်္ဂါနေ့မှာ ဖော်ပြခဲ့ပြီး ကင်နဲ့အတူ ထိပ်တန်း လက်နက်လုပ်ငန်း၊ စစ်ဘက်အရာရှိတစ်စုနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ ပါလိုက်ပါသွားခဲ့တယ်လို့ သိရပါတယ်။
ကင်ဂျုံအွန်ကို တင်ဆောင်လာတဲ့ ရထားတစ်စင်း မြောက်ကိုရီးယားကနေ ရုရှားအရှေ့ဖျားကိုသွားမယ့် အဓိကရထားလမ်း ဖြစ်တဲ့ Khasan ဘူတာကို ရောက်လာခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ရုရှားတရားဝင်သတင်းရင်းမြစ်ကို ကိုးကားပြီး ဂျပန် ကျိုဒိုသတင်းဌာနက အင်္ဂါနေ့မှာ ဖော်ပြခဲ့ပါတယ်။
ကင်ဂျုံအွန်နဲ့အဖွဲ့ဟာ ရုရှားနိုင်ငံကို ဒီနေ့ အင်္ဂါနေ့အစောပိုင်းမှာ ရောက်လာတာ လို့လည်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
Ref: Reuters
ပုံစာအညွှန်း။ ရုရှားကိုအသွား ရထားပေါ်မှာ တွေ့ရတဲ့ ကင်ဂျုံအွန်
Feature Image Credit: KNCA