လက်နက်တိုက် ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် ခရိုင်းမီးယားတံတားပေါ်က ယာဉ်အသွားအလာတားမြစ်

ခရိုင်းမီးယားကျွန်းဆွယ်ပေါ်မှာရှိတဲ့ ရုရှားလက်နက်တိုက်ကို ဇူလိုင်၂၁ရက်ညပိုင်းမှာ ဒရုန်းယာဉ်တစ်စင်းလာပြီးတိုက်ခိုက်လို့ ပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်ပွါးတယ်။ လက်နက်တိုက် ပတ်လည် ၅ကီလိုမီတာအကွာမှာရှိတဲ့ ဒေသခံတွေကို သက်ဆိုင်ရာက ဘေးလွတ်ရာရွှေးပြောင်းဖို့ ကူညီပေးခဲ့တယ်လို့ ခရိုင်းမီးယားဒေသ အုပ်ချုပ်ရေးမှူးဆာဂေးအက်စယိုနော့ဗ်က ဇူလိုင် ၂၂မှာ ထုတ်ဖော်ပြောကြားတယ်။

အခင်းဖြစ်ပွါးပြီးနောက်တစ်နေ့မနက်မှာ ကာ့ချ်တံတားလို့ခေါ်တဲ့ ခရိုင်းမီးယားတံတားပေါ်က ယာဉ်အသွားအလာကို လုံခြုံရေးဖက်က ချက်ခြင်းပိတ်ပင်တာမြစ်လိုက်တယ်။ လိုအပ်တဲ့စစ်ဆေးမှုတွေပြုလုပ်နေချိန်မှာ ပိတ်လိုက်တဲ့ ကားလမ်းကြောကို နာရီအနည်းငယ်အကြာ ဇူလိုင် ၂၂ရက်နေ့ခင်းပိုင်းမှာ ပြန်ဖွင့်ပေးလိုက်တယ်။

အဲဒီလက်နက်တိုက်ကို ဒရုန်းနဲ့တိုက်ခိုက်တာ ယူကရိန်းသာဖြစ်တယ်။ ခရိုင်းမီးယားဒေသ ကရာနိုဂဗာဒေးစကီးခရိုင်ကို သူတို့ဖက်က ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ အုပ်ချုပ်ရေးမှူးဆာဂေးအက်စယိုနော့ဗ်က အထောက်အထားမရှိဘဲ စွပ်စွဲပြောကြားတယ်။

ခရိုင်းမီးယားတံတားနဲ့ အခင်းဖြစ်လက်နက်တိုက်ဟာ မိုင်(၁၀၀)ကျော်ကွာဝေးပေမယ့် တံတားကိုပါ တိုက်ခိုက်လာမှာစိုးလို့ ကားလမ်းကြောကို ယာယီပိတ်ပြီး မီးရထားလမ်း

ကြောကိုတော့ ပိုပြီးကြာကြာပိတ်ခဲ့ရကြောင်း အဲဒီအုပ်ချုပ်ရေးမှူးက ရှင်းပြတယ်။

လွန်ခဲ့တဲ့ ၂၀၂၂အောက်တိုဘာတုန်းက ခရိုင်းမီးယားတံတားပေါ်မှာ ကြီးမားတဲ့ပေါက်ကွဲမှုဖြစ်ပွါးလို့ အချိန်ယူပြင်ဆင်ခဲ့ရတာ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလရောက်မှ အပြည့်အဝပြန်ဖွင့် နိုင်ခဲ့တယ်။

Ref: BBC

Visited 13 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *