လက်ကိုင်ဖုန်းကျပျောက်သဖြင့် ဆည်ရေများထုတ်ပစ်စေခဲ့သောအရာရှိ ရာထူးမှဆိုင်းငံံ့ခြင်းခံရ

အလုပ်တာဝန်တစ်ဖက်နဲ့ နယ်လှည့်လာတဲ့ အိနိ္ဒယအစားအစာစစ်ဆေးရေးအရာရှိ ရာဂျက်ရှ် ဗစ်ရှ်ဝပ်ဟာ မေလ၂၀ရက်နောက်ပိုင်းမှာ ခါခတ်တဆည်ကြီးနားရောက်တုန်းရောက်ခိုက် သူ့လက်ကိုင်ဖုန်းနဲ့ ဆယ်လ်ဖီဓာတ်ပုံရိုက်တယ်။ အဲဒီလိုရိုက်နေတုန်း လက်ကိုင်ဖုန်း ဆည်ထဲပြုတ်ကျသွားတယ်။

သူအထိတ်ထိတ်အပြာပြာဖြစ်သွားတယ်။ တပည့်တပမ်းတွေလည်း ဘာလုပ်လို့ဘာကိုင်ရမယ်မှန်းမသိဖြစ်နေတဲ့အချိန်မှာ အရာရှိဗစ်ရှ်ဝပ်အကြံရပြီး ဆည်ထဲကျသွားတဲ့ ဖုန်းကို ရေငုတ်သမားတွေနဲ့ အရှာခိုင်းတယ်။ တစ်နေကုန် ရေငုတ်ပြီးရှာကြပေမယ့် မတွေ့ဘူး။နောက်တော့ သူ့ဖုန်းထဲမှာ အစိုးရဌာနဆိုင်ရာ အရေးကြီးအချက်အလက်တွေပါတယ်။ ဖုန်းပြန်ရမှကိုဖြစ်မယ်။ အထက်ကို သတင်းပို့ပြီးပြီ ။ ဆည်ထဲကရေတွေ ထုတ်ပစ်လိုက်လို့ ဒေသအုပ်ချုပ်ရေးအဖွဲ့ကို အတည်ပေါက်နဲ့အမိန့်ပေးတယ်။

အထက်အမိန့်ဆိုတော့ ဘယ်သူမှမပြောရဲဘဲအဲဒီဆည်ထဲကရေတွေကို ထုတ်ပစ်လိုက်တယ်။ ရေလီတာပေါင်း နှစ်သန်းကျော်ရှိတော့ သုံးရက်ကြာမှ ရေတွေကုန်သွားတယ်။ သူ့ ဆမ်ဆောင်းဖုန်းကို တွေ့တော့တွေ့ပါရဲ့။ ဒါပေမယ့် ဖုန်းထဲရေဝင်တော့ ဖွင့်လို့ကိုမရတော့ဘူး။ သူပြောတဲ့ အစိုးရ ဌာနဆိုင်ရာ အရေးကြီးအချက်အလက်တွေလည်း ပြန်မရတော့ဘူး။

စိုက်ပျိုးဧကပေါင်း ၁၅၀၀ လောက်ကို ပေးနိုင်တဲ့ရေတွေ အလဟသတ်ဖြစ်ခဲ့ရတယ်။နောက်ဆုံးကျမှ အထက်အရာရှိတွေက ဖြစ်ကြောင်းကုန်စင်ကိုသိသွားကြတယ်။ ဗစ်ရှ်ဝပ်ကို ခေါ်စစ်ပြီးလက်ရှိရာထူးကနေဆိုင်းငံ့လိုက်တယ်။

Ref: Skynews

Visited 33 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *