ဘေကျင်း ၊ စက်တင်ဘာ ၄
တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်ဟာ အခုသီတင်းပတ်ကုန် အိန္ဒိယနိုင်ငံ နယူးဒေလီမှာ ကျင်းပမယ့် G 20 ကမ္ဘာ့ခေါင်း ဆောင်တွေ တွေ့ဆုံပွဲကို တက်ရောက်မှာ မဟုတ်ဘဲ အခမ်းအနားကိုဝန်ကြီးချုပ် လီချင်း ကပဲ တက်ရောက်သွားမှာ ဖြစ်တယ်လို့ ဘေကျင်းက ပြောပါတယ်။
G20 ထိပ်သီးအစည်းအဝေးကို ရှီ တက်ရောက်ဖို့ ကိစ္စဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး မရေမရာ စဖြစ်ခဲ့ တာလို့ ရိုက် တာ သတင်းတွေ အရသိရပါတယ်။
တနင်္လာနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဌာနက လီဟာ စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ ထိပ်သီးအစည်း အဝေးကို တက်ရောက်မယ်လို့ ရှီကိုယ်တိုင်က ပြောခဲ့တာ ဖြစ်ပါတယ်။
ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူ မောက်နိုင်ကို ရှီ မတက်ရောက်တဲ့ အကြောင်းနဲ့ ပတ်သက်ပြီး သတင်းထောက်တစ် ယောက် က မေးခွန်းထုတ်ခဲ့ပေမယ့် အဖြေမရခဲ့ဘူးလို ဆိုပါတယ်။
ထူးခြားချက်ကတော့ တရုတ်နိုင်ငံ ထိပ်သီးခေါင်းဆောင် ရှိဟာ နှစ်စဥ် G20 ကို တက်ရောက်ခဲ့ပြီး အခုလို မတက်ရောက်တာ အခုအကြိမ်က ပထမဆုံးလို့လည်း သိရပါတယ်။
“G20 အုပ်စုဟာ နိုင်ငံတကာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် အဓိကဖိုရမ်တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ ကလည်း သက်ဆိုင်ရာလုပ်ငန်းတွေမှာ အမြဲတစေ အလေးထားပြီး တက်တက်ကြွကြွစွာပါဝင်ဆောင်ရွက်ခဲ့ပါ တယ်” လို့ ဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ မောက်နိုင်က ပြောပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထိပ်သီးအစည်းအဝေးမှာ ရှီ့ ကို တွေ့မှာမဟုတ်ဘူးလို့ လူသိရှင်ကြား ထုတ်ဖော်ပြောဆို အပြီးမှာ ဘေဂျင်းက အခုလို ကြေညာချက်ထွက်လာတာပါ။
“ကျွန်တော်စိတ်ပျက်မိပါတယ်၊ ဒါပေမယ့် ကျွန်တော် သူ့ကိုတွေ့ခွင့်ရမှာပါ” ဆိုပြီး ဘိုင်ဒင်က စက်တင်ဘာ ၃ရက် တနင်္ဂနွေ နေ့ မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
အမေရိကန်သမ္မတ ဘိုင်ဒန်က “ဆောင်းဦးရာသီ” မှာ ရှီနဲ့ တွေ့ဆုံဖို့ရှိတယ်” ဆိုပြီးစီအန်အန်ကို ပြောခဲ့ဖူးတယ်လို့ လည်း သိရပါတယ်။
သူတို့နှစ်ယောက် ပြီးခဲ့တဲ့ ၂၀၂၂ နိုဝင်ဘာလကက အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာကျင်းပခဲ့တဲ့ G20 ထိပ်သီးအစည်း အဝေး မှာ နောက်ဆုံးတွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။
Ref: CNN
ပုံစာအညွှန်း။ ၂၀၂၃ မေလ ၁၉ ရက်နေ့က တရုတ်-ဗဟိုအာရှထိပ်သီးအစည်းအဝေး ပူးတွဲသတင်းစာရှင်းလင်းပွဲ ကို တက်ရောက်လာတဲ့ ရှီကျင့်ဖျင်
Feature Image Credit: AFP