ရှားပါးပတ္တမြားကြီးတစ်ပွင့်ကို ဒေါ်လာ၃၄ ဒသမ၈သန်းဖြင့် လေလံတင်ရောင်းချ

အမေရိကန်ပြည်ထောင်စု နယူးယောက် မြို့မှာပြုလုပ်ခဲ့ဖူးတဲ့ ရတနာပစည်းလေလံပွဲ တွေမှာ အရွယ်အစားအကြီးဆုံး ပတ္တမြား ကြီးကို ဇွန်၈ရက်ကပြုလုပ်တဲ့ ဆိုသီဘီလေလံ ပွဲမှာ ရတနာကုန်သည်တွေ တအံ့တဩတွေ့ လိုက်ကြရတယ်။

ပတ္တမြားတွေထဲမှာသာမကဘဲ တခြား ကျောက်မျက်ရတနာတွေထဲမှာပါ အကြီး ဆုံးလို့ဆိုရမယ့် ခိုသွေးရောင်တလက်လက် တောက်ပနေတဲ့ အဲဒီပတ္တမြားကြီးကို ပေါ် တူဂီဘာသာစကားနဲ့ အက်စထရေလာ ဒီဖူရာ လို့ အမည်ပေးထားတယ်။ အဓိပ္ပာယ်က တော့ ဖူရာကြယ်ပွင့်ကြီးပါ။

လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ ဒူဘိုင်းအခြေ စိုက် ဖူရာ ကျောက်မျက်ရတနာတူးဖော် ရေးကုမ္ပဏီက မိုဇမ်ဘစ်နိုင်ငံမှာရှိတဲ့ ကျောက်တွင်းတစ်တွင်းမှာ တူးဖော်တွေ့ရှိခဲ့တာဖြစ်တယ်။ အရိုင်းတုံးဘဝတုန်း က အလေးချိန် ၁၀၁ ကာရက်ရှိခဲ့ပြီး အချော သွေးပြီးတဲ့နောက်မှာတော့ ၅၅ ဒသမ၂၂ ကာရက်ပဲရှိတယ်။

ဆိုသီဘီလေလံပွဲမှာ ဈေးပြိုင်စနစ်နဲ့ ရောင်း တဲ့အခါ အမေရိကန်ဒေါ်လာ ၃၄ဒသမ၈သန်း ရှိခဲ့တယ်။ တစ်သက်မှာတစ်ခါပဲ တွေ့ခွင့် ရမယ့် ဒီပတ္တမြားကြီးကိုရောင်းတော့ ရတဲ့ ဈေးပမာဏကလည်း အံ့မခန်းပဲလို့ လေလံပွဲ စီစဉ်သူတွေကထုတ်ဖော်ပြောတယ်။

အချောသွေးပြီးသား ပတ္တမြားတွေဟာ အ လွန်ဆုံးကြီးလှ ၅ကာရက် ၆ကာရက် ထက် မပိုဘူးလို့ ကမ္ဘာကျောက်မျက်ရတနာ ကျွမ်းကျင်သူတွေကဆိုကြတယ်။

Ref: BBC

Leave a Reply

Your email address will not be published. Required fields are marked *