ရှမ်းရှေ့ မိုင်းယောင်းမှာ ရွှေဆိုင်ဓါးမြတိုက်ခံရ

  • လာကြည့်တဲ့ ဆိုင်အနီးနားကလူ သေနတ်ပစ်ခံထိ
ရွှေထည်ပစ္စည်းများ ထည့်ထားတဲ့ ကတ္တပါဗန်း ကို ယူနေစဉ်
ဓါတ်ပုံ။ cctv

၈ ဧပြီ၊၂၀၂၄

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့ရှိ ရွှေဆိုင်တဆိုင် ဒီနေ့ နေ့လယ် နှစ်နာရီကျော်အချိန် က သေနတ်ကိုင်ဆောင်သူ လူငယ်၄ဦးက သေနတ်ပစ်ခတ်ပြီး ကဓားပြတိုက်ခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံအချို့ဆီက သိရပါတယ်။

ဓားပြတိုက်သူတွေဟာ ဆိုင်ကယ်နဲ့ရောက်ရှိလာပြီး အနီးပတ်ဝန်းကျင်ကို သေနတ်ပစ်ခတ်ခြိမ်းခြောက်နေချိန် ဆိုင်အနီးနားရှိနေတဲ့ အမျိုးသမီးက လာရောက်ကြည့်ရူ့ရာကနေ သေနတ်မှန်သေဆုံးခဲ့တာပါ။

ဆိုင်ရှင်ကတော့ ထွက်ပြေးချိန်ပစ်ခတ်ခံရလို့ သေနတ်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဓားပြတိုက်ခံရတဲ့ရွှေဆိုင်ဟာ နဝရတ်ရွှေဆိုင်လို့ဆိုပြီး ရွှေထည်ပစ္စည်းများ ထည့်ထားတဲ့ ကတ္တပါဗန်း ၃ ဗန်း လုယူထွက်ပြေးလွတ်မြောက်သွားတယ််လို့ သိရပါတယ်။

Visited 6 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *