ရှမ်းပြည်နယ်(မြောက်ပိုင်း)၊နောင်ချိုမြို့နယ်နဲ့ကျောက်မဲမြို့ နယ်တို့ကြားက ဂုတ်တွင်းကားလမ်းပိုင်းဟာ တိုက်ပွဲများကြောင့် ပျက်စီးသွားခဲ့တာကို လမ်းပြင်ပြီးသွားတဲ့အတွက် နိုဝင်ဘာ၂၁ရက် မွန်းလွဲ၁နာရီကျော်မှစတင်ပြီး အတက်အဆင်းကားများ သွားလာနိုင်ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။



ပျက်စီးနေတဲ့ ဂုတ်တွင်းကားလမ်းပိုင်းနေရာတွေကို ပြီးခဲ့တဲ့အပတ်ကတည်းက ပြင်ဆင်နေရာကနိုဝင်ဘာ၂၁ ရက်မွန်း လွဲပိုင်းကစတင်ပြီး အတက်အဆင်းကားတွေကို သွားလာခွင့်ပြုခဲ့တာလို့ သိရပါတယ်။
စစ်တပ်နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ တိုက်ပွဲများကြောင့် ဂုတ်တွင်းကားလမ်းပိုင်းနေရာက တံတားပျက်စီးနေခဲ့တာဟာ သုံးပတ်လောက်ကြာရာက အခုအခါမှာ အတက်အဆင်းကားတွေ သွားလာနိုင်ခဲ့တာလို့လည်း သိရပါတယ်။
Visited 41 times, 1 visit(s) today



