ရှမ်းမြောက်တွင် တိုက်ပွဲပြင်းထန်နေချိန် နယ်စပ်တည်ငြိမ်ရေးခေါင်းစဉ်ဖြင့် တရုတ်လုံခြုံရေးဝန်ကြီး မြန်မာပြည်ရောက်လာ

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Wang Xiaohong ဦးဆောင်သောအဖွဲ့ ၂၀၂၃ အောက်တိုဘာ ၃၀ရက် တွင် မြန်မာသို့ ရောက်လာသည်။

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် အဖွဲ့နှင့် ရောက်ရောက်ချင်းမှာပင် တွေ့ဆုံကာ ဆွေးနွေးပွဲ တစ်ရပ်ပြုလုပ်ခဲ့သည်ကိုတွေ့ရသည်။

အစည်းအဝေးတွင်“ နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (Lianyungang)နှင့် တရုတ်-အာဆီယံရဲတပ်ဖွဲ့ဖိုရမ်ကဲ့သို့သော အစည်းအဝေးများ တက်ရောက်နိုင်ရေး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ၅ နှစ်လုပ်ငန်းစီမံချက် (၂၀၂၃-၂၀၂၇) ကို အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ လူမှောင်ခိုမှု၊ ဆက်သွယ်ရေးစနစ် အသုံးပြုလိမ်လည်မှု၊ ဆိုက်ဘာရာဇဝတ်မှု၊ ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော် လောင်းကစားမှု၊ မူးယစ်ဆေးဝါးမှုနှင့် လူကုန်ကူးမှုကဲ့သို့သော နိုင်ငံဖြတ်ကျော် မှုခင်းများကို ပူးပေါင်းတိုက်ဖျက်ရေး၊ လန်ချန်း-မဲခေါင်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ စီမံကိန်းကြီးများလုံခြုံရေး၊ တရုတ်နိုင်ငံသားတရား ခံပြေးများ ဖမ်းဆီးရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းကူညီ ဆောင်ရွက်ပေးရေး၊ နယ်မြေချင်းထိစပ်နေသော တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများအကြား ဆက်သွယ်ဆက်ဆံရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် ဖြစ်ပွားသော ရာဇဝတ်မှုများနှင့် စပ်လျဉ်း၍ သုတေသနလုပ်ငန်းများ ပူးတွဲဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ သတင်းအချက်အလက် ဖလှယ်ရေး၊ အမှုဖြစ်စဉ်စုံစမ်းစစ်ဆေးရေးတို့နှင့်စပ်လျဉ်း၍ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများ၏ စွမ်းရည်မြှင့်တင်နိုင်ရန်နှစ် နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် လေ့ကျင့်ရေးအစီအစဉ်များ ပူးတွဲရေးဆွဲရေး၊ အနာဂတ်တွင် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရန် သက်ဆိုင်ရာပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နှစ်ဖက်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံသက်ဆိုင်ရာ ဝန်ကြီးဌာနနှစ်ရပ်အကြား အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်ဖလှယ်၍ နိုင်ငံဖြတ်ကျော်မှုခင်းများအား တားဆီးနှိမ်နင်းနိုင်ရန် ဆက်သွယ်ဆက်ဆံရေးစနစ် တစ်ရပ်ထားရှိရေး”တို့ကို ဆွေးနွေးခဲ့သည်ဟု နှစ်ဖက် သတင်းထုတ်ပြန်ထားသည်။

Visited 20 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *