၈၊နိုဝင်ဘာ၊၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသမှာ နိုဝင်ဘာလ၇ရက်နေညပိုင်းကစတင်ပြီး လောက်ကိုင်မြို့အနီး တိုက်ပွဲများဖြစ်ပွားနေတယ်လို့ ပြောပါတယ်။
“ညကပစ်သံကမြို့ထဲနဲ့အသံတေပိုနီးလာသလိုပဲ ခေါင်းပေါ်မှာလဲငှက်ကဝဲ ခါတိုင်းကဗုံးသံသာကြားတာ အဲ့လိုမရှိ၊ လောက်ကိုင်တုန်ချိန်ဘက် တုန်ချိန်နဲ့ ပါဆင်ကျော်ကြား”လို့ဒေသခံတဦးက ပြောပါတယ်။
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ရဲ့ စစ်ဆင်ရေးပစ်မှတ်များထဲမှာ တစ်ခုဖြစ်တဲ့ “လောက်ကိုင်ဒေသပြန်လည်ရရှိရေး” အတွက် စစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့်စွာ ဆက်လက်လုပ်ဆောင်သွားမယ်လို့တရားဝင် ကြေညာထားတာပါတယ်။
လက်ရှိအချိန်မှာ လောက်ကိုင်မြို့ကစစ်ရှောင်လာသူတွေ ပါစင်ကျော် လမ်းမကြီးပေါ်မှာ သုံးရက်ကြာပိတ်မိနေတဲ့ စစ်ရှောင် ၇၀၀ ကျော်ပါဝင်သည့် ယာဉ်တန်းထွက်ခွာခွင့်ရသဖြင့် ”ဝ”ဒေသသို့ဆက်လက်သွားရောက်နေပြီလို့ သိရပါတယ်။
Visited 1 times, 1 visit(s) today