ရှမ်းမြောက်တိုက်ပွဲ စစ်ရှောင်၃သောင်းကျော်

ရန်ကုန်၊ နိုဝင်ဘာ၊၄

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် တိုက်ပွဲများကြောင့် စစ်ဘေး ရှောင်ပြည်သူ သုံးသောင်းကျော်ရှိပြီဟု NUG က နိုဝင်ဘာလ ၃ရက်နေ့ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။

တိုက်ပွဲများစတင်ဖြစ်ပွားခဲ့တဲ့ မြို့နယ်များဖြစ်တဲ့လားရှိုးမြို့နယ်မှာ စစ်ရှောင်ပြည်သူ(၆,၇၁၆)ဦး၊ သိန္နီမြို့နယ်တွင်( ၉,၀၂၃) ဦး၊ ကျောက်မဲ မြို့နယ် တွင်(၄၄၀) ဦး၊ ကွတ်ခိုင်တွင်(၁.၁၀၀) ဦး၊ လောက်ကိုင်တွင်(၁,၀၀၀) ဦး၊ မူဆယ် တွင်(၆၀)ဦး၊ ဝပြည်တွင်(၅,၀၀၀) ဦးနှင့် အနီးဝန်းကျင် ကျေးရွာများအတွင်း စစ်ဘေးရှောင်ပြည်သူ (၉,၁၀၆)ရှိပြီး ယနနိုဝင်ဘာလ၃ရက်နေ့ထိစစ်ရှောင်ပြည်သူဦးရေ (၃၂,၄၄၅) ခန့် ရှိနေပါတယ်။

လက်ရှိအချိန်ထိ တိုက်ပွဲများပြင်းထန်နေပြီ၊ ကလေးအပါအဝင် အရပ်သား ၁၈ ဦးသေဆုံးကာ ၄၀ ကျော် ဒဏ်ရာ ရထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

မဟာမိတ်(၃) ဖွဲ့ ဖြစ်တဲ့ကိုးကန့် (MNTJP/MNDAA)၊ တအာင်း (PSLF/TNLA) နဲ့ရက္ခိုင် (ULA/AA) တို့ ပူးတွဲပြုလုပ်ခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး” ကိုစတင်ခဲ့ပြီး PDF ပူးပေါင်းတပ်များကပါ စစ်ဆင်ရေးတွင်နေရာအနှံ့ကပါဝင်တိုက်ပွဲဝင်နေတယ်လို့ NUG ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – Tai Student’s Union

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *