ရှမ်းမြောက်တိုက်ပွဲကြား ဒုက္ခသည်များအတွက် ဒေါ်လာ၁သန်း ကုလကူမယ်

၁၁၊နိုဝင်ဘာ၊၂၀၂၃

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ဖြစ်ပေါ်လာရတဲ့ စစ်ဘေးဒုက္ခသည်တစ်သောင်းကျော်အတွက် အမေရိကန်ဒေါ်လာ တစ်သန်းပေးမယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က နိုဝင်ဘာ ၁၀ ထုတ်ပြန်ပါတယ်။

ဒုက္ခသည်တွေဆီ လူသားချင်းစာနမှုအကူအညီတွေ အချိန်မီရောက်ဖို့ တိုက်ပွဲတွေရပ်တန့်တာ နဲ့ အတားအဆီးမရှိဝင်ရောက်ကူညီခွင့်ပေးတာတွေကို စစ်တပ်ကရော လက်နက်ကိုင်တွေဘက်ကပါ ခွင့်ပြုပေးဖို့လိုတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်တပ်ကြား စစ်ရေးအရှိန်မြင့်နေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း တိုက်ပွဲတွေကြား စစ်ဘေးဒုက္ခသည်တွေ တိုးလာပြီးနောက် ဒီ သောင်းနဲ့ချီတဲ့ စစ်ဘေးဒုက္ခသည် တွေအတွက် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးမှာဖြစ်ပါတယ်။

“၀”ပြည်နယ်ရဲတပ်ဖွဲ့ကတော့ ကိုးကန့်စစ်ဘေးရှောင်ပြည်သူများအတွက် ယွမ် ၂၇၀,၀၀၀ ကျော် (ကျပ် သိန်း ၁၂၀၀ ကျော်) လှူဒါန်းထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး ညီနောင်မဟာမိတ် သုံးဖွဲ့တို့က စတင်လုပ်ဆောင်ပြီးနောက်​ပိုင်းမှာ ထောင်ချီရှိတဲ့စစ်ဘေးရှောင်ပြည်သူတွေ “၀”ပြည်နယ်ထဲ နန်တစ်အထူးမြို့နယ်မှတစ်ဆင့်ဝင်ရောက်နေပါတယ်။ မိမိ​နေရပ်ဆီပြန်လိုတဲ့ စစ်ဘေးရှောင်ပြည်သူများကို “၀”ပြည်နယ် နယ်စပ်ဂိတ်များဖြစ်ကြတဲ့ မိုင်းယန်းနဲ့ မိုင်းပတ်ဂိတ်ထိ UWSA “၀”တပ်ဖွဲ့ တာဝနိရှိသူများက စီစဉ် ပို့ဆောင်ပေး​လျက်ရှိတယ်လို့ လည်းသိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *