ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်နဲ့လက်နက်ကိုင်အဖွဲ့အ စည်းတွေရဲ့အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲများကြောင့် က လေးငယ်များအပါအဝင် သေဆုံးခဲ့သူ ၁၀၀ကျော်အထိ ရှိနေတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက သတင်းထုတ်ပြန် အသိပေးချက်အရ သိရပါတယ်။
တအာင်းအမျိုးသမီးအဖွဲ့အစည်းရဲ့ သတင်းထုတ်ပြန်ချက်မှာ တိုက်ပွဲများကြောင့် ကလေး (၂၈) ဦးသေဆုံးပြီး (၄၇) ဦးဒဏ်ရာရရှိကာ အမျိုးသမီး (၃၆)ဦးနဲ့အ မျိုးသား၄၅ဦး သေဆုံးပြီး အမျိုးသမီး(၇၇)ဦးနဲ့အမျိုး သား၇၃ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

တအာင်းအမျိုးသမီးအဖွဲ့အစည်း စာရင်းမှတ်တမ်းပြုစုချက်အရ အရပ်သားနေအိမ်များ၊ဘာသာရေးအ ဆောက်အဦးများ၊ ဆေးရုံများ၊ စာသင်ကျောင်းများနှင့် ခန်းမ၊ လမ်းတံတားများ (၄၆၆) အထိ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
၂၀၂၃ခုနှစ်၊အောက်တိုဘာလကုန် ၂၇ ရက်နေ့ကစတင်ခဲ့တဲ့ ရှမ်း/မြောက် ၁၀၂၇ စစ်ဆင်ရေးဟာ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ နှစ်လ ပြည့်ခဲ့ပြီဖြစ်ပြီး နှစ်လအတွင်း စစ်တပ်နဲ့ရှမ်းမြောက်မဟာမိတ်အဖွဲ့၃ဖွဲ့တို့အကြား ပန်ဆိုင်း၊ မုံးကိုး၊ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ ကွမ်းလုံ၊ လောက်ကိုင်၊ သိန္နီ၊ သီ ပေါ၊ နမ္မတူ၊ တန့်ယန်း၊ လားရှိုး၊ နမ့်ဆန်၊ မန်တုံ၊ ကျောက်မဲ၊ နောင်ချိုစတဲ့ (၁၆) မြို့နယ်မှာ တိုက်ပွဲပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။



