ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ ပုန်းအောင်းနေတဲ့ မူးယစ်ဆေးဝါးတရားခံပြေး ၁၀ဦးကို တရုတ်က ဖမ်းဝရမ်းထုတ်

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ ပုန်းအောင်းနေတဲ့ မူးယစ်ဆေးဝါးတရားခံပြေး ၁၀ဦးကို တရုတ်နိုင်ငံရဲ့လုံခြုံရေးဌာနများအနေနဲ့ ဒီဇင်ဘာလကုန်ပိုင်းက ဆုကြေးငွေပါပေးပြီးဖမ်းဝရမ်းထုတ်ထားတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံရဲ့လုံခြုံရေးဌာနများက မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှာ မူးယစ်ဆေးဝါးပြစ်မှုကျူးလွန်မှုများကို ဥပဒေအရ အားဖြည့် နှိမ်နင်းတိုက်ဖျက်ပြီး ပြည်ပမူးယစ်ဆေးဝါးများ တရုတ်နိုင်ငံကို စိမ့်ဝင်မှုများကို အစွမ်းကုန် တားဆီးကာ ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်ဖို့အတွက် တရုတ်နိုင်ငံအနယ်နယ်အရပ်ရပ်က ပြည်သူ့လုံခြုံရေးဌာနများဟာ သက်ဆိုင်ရာပြစ်မှုကျူးလွန်မှုအဖြစ်မှန်နှင့် သက်သေအထောက်အထား အပြည့်အဝ ဆုပ်ကိုင်ထားတဲ့ အခြေခံပေါ်မူတည်ပြီး ဆုကြေးငွေပေးကာ ဖမ်းဝရမ်းထုတ်ဖို့ ဆုံး ဖြတ်ခဲ့တာကို သိရပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရသူများမှာ Zhang Anlong ၊ Ma Wenxiang ၊ Wu Yuyang ၊ Yang Jinmei ၊ Zeng Xiaoyong ၊ Li Guoping ၊ Sun Qiang ၊ Yan Huanping ၊ Mu Chaodongနဲ့ Long Huaတို့ဖြစ်ကြပါတယ်။

တရုတ်ပြည်သူ့လုံခြုံရေးဌာနများဟာ Zhang Anlong နှင့် Zeng Xiaoyong အပါအဝင် မူးယစ်ဆေးဝါး တရားခံပြေး ၁၀ ဦးအနေနဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း သိရှိနား လည်ပြီး အပြစ်ဝန်ခံ အဖမ်းခံကာ သက်ညှာခွင့်ရရှိဖို့ ကြိုး ပမ်းတိုက်တွန်းထားပြီး တစ်ချိန်တည်းမှာ လုပ်ငန်းပေါင်းစုံနှင့် ပြည်သူလူထုများကို တက်တက်ကြွကြွ သတင်းပို့ပြီး တ ရား ခံပြေး ဖမ်းဆီးရာမှာ အကူအညီပေးရန် မျှော်လင့်ကြောင်းလည်း ကြေညာထားပါတယ်။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *