ရှမ်းပြည်နယ်(မြောက်ပိုင်း)က နယ်စပ်မြို့(၃)မြို့ကို လက် လွှတ်လိုက်ရပြီလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြား

ရှမ်းပြည်နယ်(မြောက်ပိုင်း)က နယ်စပ်မြို့(၃)မြို့ဖြစ်တဲ့ ချင်းရွှေဟော်၊ဖောင်းဆိုင်နဲ့ကြူကုတ်မြို့တို့ကို နစကအနေနဲ့ လက်လွှတ်လိုက်ရပြီလို့ နိုဝင်ဘာလ၂ရက် နေ့က နစကရဲ့ပြောစေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။

MNDAA ကိုးကန့်အဖွဲ့ကလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့အ နေနဲ့ ‘’၁၀၂၇ စစ်ဆင်ရေး’’ ၆ ရက်မြောက်နေ့ အထိ စခန်း ၈၇ ခု သိမ်းပိုက် နိုင်ခဲ့ပြီး ချင်းရွှေဟော်၊ ‌ဖောင်းဆိုင် နဲ့ ကြူကုတ်မြို့တို့ကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

လတ်တလောအချိန်မှာတော့ စစ်တပ်နဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့တို့အား တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ဘေးဒဏ်ကို ခံစားနေရပြီး နေရပ်ကိုစွန့်ခွာနေကြရတယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *