ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်၊လားရှိုး၊သိန္နီ၊ကွမ်းလုံ၊လောက်ကိုင်နဲ့ ချင်းရွှေဟော်တို့မှာ အောက်တို ဘာလ၂၇ရက်နေ့ မနက်၄နာရီလောက်က စပြီး တိုက်ပွဲများ ဖြစ်ပွားနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ ရက္ခိုင့်တပ်တော် AA တို့ဟာစစ်တပ်နဲ့သက်ဆိုင်တဲ့ နယ်မြေစခန်းများကို စစ်ဆင်ရေး ၁၀၂၇ ကြေညာပြီး တပြိုင်နက် ဝင်ရောက်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။


တရုတ်-မြန်မာ နယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းရွှေဟော်ကုန်သွယ်မှုဇုန်က ဖောင်ဆိပ်နယ်မြေစခန်းကို လက် နက်ကိုင်တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စ ခန်းတစ်ခုလုံး ချဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အား လုံး ကျဆုံးသွားခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ကွတ်ခိုင်မြို့နယ်၊နမ့်ဖတ်ကာကျေးရွာထဲကို လက်နက် ကြီးကျတဲ့အတွက် အရပ်သားတွေထဲက ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးသွားပြီး ၅ဦးထက်မနည်း ထိ ခိုက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


ကိုးကန့်သတင်းဌာနရဲ့သတင်းထုတ်ပြန်ချက်မှာ ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAAက သိမ်းပိုက်လိုက်ပြီလို့ ဖော် ပြခဲ့ပါတယ်။
လမ်းပန်းဆက်သွယ်ရေးအခြေအနေကတော့ လားရှိုးလေဆိပ်ကို ပိတ်ထားပြီး ခရီးစဥ်အားလုံးကို ဆိုင်းငံ့လိုက်သလိုလားရှိုး-မူဆယ်လမ်းနဲ့ လားရှိုး-ချင်း ရွှေဟော်-လောက်ကိုင်လမ်းတွေကို MNDAတပ်ဖွဲ့က ခရီးသွားလာခွင့်ပိတ်ထားတယ်လို့ သိရပါတယ်။