ရှမ်းနဲ့ကရင်ပြည်နယ်တို့ကို သယ်ဆောင်ရောင်းဝယ်မယ့် ကျပ် ၄ ဒသမ ၄ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ရှမ်းနဲ့ကရင်ပြည်နယ်တို့ကို သယ်ဆောင်ရောင်းဝယ်မယ့် ကျပ် ၄ ဒသမ ၄ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို အောက်တိုဘာလ၃၀ရက်နဲ့၃၁ရက်တို့က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဖမ်း ဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိမှာဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခွဲက မွန်ပြည် နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာအ နီးမှာ ပဲခူးမှ မြဝတီဘက်ကို ရဲမင်းအောင် မောင်းနှင်လာတဲ့ CHENG LONG TIPPER ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၈ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော် ထုတ်ချက်အရ အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့ နယ်၊ ကျွဲပွဲမြို့၊ အမှတ်(၂)ရွာမရပ်ကွက်၊ မြို့စိုးလမ်းက ကျော်ဆွေပိုင်ဆိုင်တဲ့ မင်္ဂလာခန်းမ(၁)ကိုရှာဖွေရာ စိတ် ကြွရူးသွပ်ဆေးပြား ၁၈ ဒသမ ၇ သိန်း၊ TOYOTA COROLLA AXIO မော်တော်ယာဉ် ၁ စီးတို့ကို သိမ်း ဆည်းရမိခဲ့တာကြောင့်စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၄ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ ဒသမ ၈ သိန်း သိမ်းဆည်းရမိခဲ့တာလို့သိရပါတယ်။

စိတ်ကြွရူးသွပ်ဆေးပြားများနဲ့အတူ ဖမ်းဆီးရမိသူများကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေး ဝါးများ ဆိုင်ရာဥပဒေအရ သက်ဆိုင်ရာနယ်မြေရဲစခန်းများမှာ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူး လွန်သူများကို ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *