ရှမ်းတောင် အောင်ပန်း-တောင်ကြီးသွားလမ်းမှာ လမ်း လျှောက်နေသူတစ်ဦး ကားတိုက်ခံရပြီးသေဆုံး

ဧပြီ(၉)၊၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊အောင်ပန်း-တောင်ကြီးသွားလမ်း၊သရက်ပုရွာအနီးမှာ ဧပြီလ၈ရက်နေ့ည၁၀နာရီကျော်အချိန်က ကားပျက်လို့ ကားပြင်နေသူတစ်ဦး လမ်းလျောက်နေချိန် ကားတစ်စီး ဝင်တိုက်သွားတာကြောင့် သေဆုံးသွားခဲ့တယ်လို့ ကူညီပေးသူပရဟိတအသင်းဆီက သိရပါတယ်။

“ကားပြင်နေတာကိုတွေ့လိုက်သေးတယ်။ညောင်းလို့လမ်းထလျောက်တဲ့အချိန် နောက်ကနေပြင်းပြင်း ထန်ထန်တိုက်ခံလိုက်ရတာ ထွက်ပြေးသွားတာမမိသေးဘူး”လို့ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်သွားတဲ့ကားဟာ မောင်းပြေးသွားခဲ့တာဖြစ်ပြီး၊ အတိုက်ခံရသူဟာ ရွှေညောင်မြို့နေသူတစ်ဦးဖြစ်တယ်လို့ဆိုပါတယ်။

​ကားတိုက်ခံရလို့ ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့တာကြောင့် အောင်ပန်းဆေးရုံ အရေးပေါ်ဌာနကနေ တောင်ကြီးစဝ်စံထွန်းဆေးရုံကိုဆက်လက်လွဲပြောင်းရာ လမ်းမှာ သေ ဆုံးခဲ့ရတယ်လို့ နာရေးကူညီမှုအသင်း (အောင် ပန်း)ဆီက သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *