ရှမ်း(တောင်) ဟိုပုံးမှာ ဖုန်းဆိုင်တစ်ဆိုင် ဓါးပြတိုက်ခံရ

ဖေဖော်ဝါရီ ၂၆ရက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ဟိုပုံးမြို့ပေါ်ကဖုန်းဆိုင်တစိဆိုင် ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညနေပိုင်းအချိန်က ဓားပြတိုက်ခံရပြီး ဖုန်းနဲ့ငွေသားအချို့ ပါသွားခဲ့တယ်လို့ သိရပါတယ်။

ဓားပြတိုက်ခံရတဲ့ဖုန်းဆိုင်ဟာ ဟိုပုံးမြို့ ၊တောင်ရပ် ကွက်ရှိ 99ဖုန်းဆိုင်ဖြစ်ပြီး ပသေနတ်အရှည်ကိုင်ဆောင်ထားသူနှစ်ဦးက ဓားပြတိုက်သွားခဲ့တယ်လို့ဒေသခံတဦးက ပြောပါတယ်။

“ဓားပြတိုက်တာက ဗုံးလည်းပါတယ်။ ဘယ်အဖွဲ့က တိုက်တာလဲမသိဘူး ဒီသတင်းကြားပြီးမြို့ခံတွေကစိုးရိမ်နေကြတယ် ​ရွာဖက်မှာတိုက်ပွဲသံတွေတော့ကြားနေရတယ်”လို့ ဟိုပုံးမြို့ဒခံတစ်ဦးက ပြောပါတယ်။

ဟိုပုံးမြို့ထဲမှာ ပအိုဝ်းပြည်သူ့စစ်တွေသွားလာနေရာဖြစ်ပြီး၊လုယက်ဓပြတိုက်ခံရမူမရှိသလောက်နည်းပါးတဲ့နေ ရာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

သည်ရက်ပိုင်းအတွင်း ဟိုပုံးမြို့နယ်ကကျေးရွာအချို့မှာ စစ်တပ်နဲ့ PNO ကတဖက်၊ ပအိုဝ်းလွတ်မြောက် ရေးတပ်မတော်နဲ့ မဟာ မိတ်တပ်များက တဖက်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

Visited 5 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *