ရှန်ဟိုင်းကို ရက်ပိုင်းအတွင်း ဒုတိယမြောက် တိုင်ဖွန်းမုန်တိုင်း ဝင်တိုက်

ရှန်ဟိုင်း၊ စက်တင်ဘာ ၂၀

ရှန်ဟိုင်းမြိုကို ပြီးခဲ့တဲ့ရက် စက်တင်ဘာ ၁၆ရက်က ဘီဘင်ကာလို့ ခေါ်တဲ့ အင်အားပြင်း တိုင်ဖွန်း ဝင်တိုက်အပြီး ၄ရက်အကြာ စက်တင်ဘာ ၂၀ရက်မှာ ဒုတိယမြောက် တိုင်ဖွန်းမုန်တိုင်း ဝင်တိုက်ခတ်ခဲ့လို့ စံချိန်တင် မိုးရွာပြီး ရှန်ဟိုင်းက လမ်းတွေနဲ့  ရပ်ကွက်တွေမှာ ရေလွှမ်းနေတယ်လို့ သိရပါတယ်။

တိုင်ဖွန်း ပူလာဆန် က ရှေ့လေးရက်က တိုက်ခဲ့တဲ့  ပြင်းအားစံချိန်တင်မုန်တိုင်း ဘီဘင်ကာနောက်ကနေ့ ဆင့်ကဲ ရောက်လာတာ ဖြစ်ပါတယ်။

ပူလာဆန်ဟာ စက်တင်ဘာ ၁၉ရက် ကြာသပတေးနေ့ညမှာ အမြင့်ဆုံးလေတိုက်နှုန်း ၈၃ ကီလိုမီတာနဲ့ ကုန်းတွင်းပိုင်းကို  ဝင်လာတာလို့ နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

မြို့တော်က  လူပေါင်း ၁၁၂၀၀၀ ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပြီး တချို့သော ဖယ်ရီနဲ့ ရထားပြေး ဆွဲမှုတွေကို ဆိုင်းငံ့ထားကြောင်းလည်း ဆင်ဟွာက ပြောပါတယ်။

ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ဗီဒီယိုတွေအရ ရှန်ဟိုင်းမြို့ခံတွေဟာ ရပ်ကွက်တချို့မှာ ခြေသလုံးထိ နက် တဲ့ရေထဲ လျှောက်သွားနေတာကို ပြသခဲ့သလို အခုအချိန်အထိ ဆိုးရွားတဲ့ ပျက်စီးဆုံးရှုံးမှု ဒါမှမဟုတ် အသေအပျောက် မရှိသေးဘူးလို့ သိရပါတယ်။

Ref: AFP

ပုံစာ။ မုန်တိုင်းထဲမှာ  မြို့ခံတစ်ယောက် သွားလာနေပုံ

Feature Image Credit: Wang Xiang/Xinhua via AP

Visited 35 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *