ရှည်လျားတဲ့ ကိုဗစ် ကာလကြောင့် ဩစတြေးလျ အတွက် အလုပ်လုပ်ရက်ပေါင်း သန်းချီ နစ်နာလျက်ရှိ

ကပ်ရောဂါကာလမှာ နိုင်ငံတကာကဝင်လာမယ့် သူတွေကို နှစ်နှစ်နီးပါးပိတ်ထားပြီးတဲ့နောက် သြစတြေးလျဟာ ပြင်းထန်တဲ့ အလုပ်သမားစျေးကွက်ကန့်သတ်ချက်တွေနဲ့ရင်ဆိုင်နေရပါတယ်။ (Photo: AFP/File/William WEST)

ဆစ်ဒနီ၊ ဩဂုတ် ၂၆

ရှည်လျားလှတဲ့ ကိုဗစ်ကာလတွေကြောင့် ၂၀၂၂နှစ် နှစ်ဝက်အထိ  သြစတြေးလျနိုင်ငံမှာရှိတဲ့ လုပ်ငန်းနယ်ပယ်စုံက အလုပ်လုပ် ရက်ပေါင်း သုံးသန်းနီးပါး ဆုံးရှုံးခဲ့တယ်လို့ ဩစတြေးလျ အစိုးရက မှတ်တမ်းတွေကနေ တဆင့် တွက်ချက်ဖော်ပြခဲ့တယ်လို့ သိရပါတယ်။

ဘဏ္ဍာရေးဌာနရဲ့ အစီရင်ခံစာမှာတော့ ကိုရိုနာ ဗိုင်းရပ်စ်ရဲ့ သက်ရောက်မှုတွေကြောင့်  ဩစတြေးလျနိုင်ငံသား ၃၁,၀၀၀ ခန့်ကို နေ့စဉ် အလုပ်နဲ့  ဝေးကွာစေခဲ့ကြောင်း  ဖော်ပြထားတာကို လည်း တွေ့ရှိရပါတယ်။

ဘဏ္ဍာရေးအရာရှိ ဂျင်းမ် ချားမဲလ်စ် က သြစတြေးလျရဲ့ အလုပ်သမားဈေးကွက်ဟာ  ကိုဗစ် ကြောင့် လုံးဝကို ရိုက်ချိုးခံလိုက်ရပြီး ကိုဗစ်ကာလရှည်တွေ ထပ်ထပ်တိုးနေတယ်လို့  ပြောဆိုခဲ့ပါတယ်။

ဆက်ပြီး ချားမဲလ်စ်က “စီးပွားရေးက ကိုဗစ်ကလရှည်တွေကြောင့်  ဆုံးရှုံးနေရတဲ့ အလုပ်ရက်ပေါင်း ထောင်ပေါင်းများစွာရှိနေပြီး ရှုပ်ထွေးတဲ့ ရုပ်ပုံလွှာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေပါပြီ။ ငါတို့အားလုံး ဖြစ်ချင်တာနဲ့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေတယ်ဆိုတဲ့ သဘောကို ပေးနေတယ်” ဆိုပါတယ်။

ဩဂုတ်လထုတ် The Lancet  ဆေးပညာဂျာနယ်မှာ ဖော်ပြထားချက်အရ  ကိုဗစ်-၁၉ ကူးစက်ခံရသူ ရှစ်ဦးမှာ တစ်ဦးက တာရှည် ကိုဗစ်နောက်ဆက်တွဲ လက္ခဏာတစ်ခု ဖြစ်ပေါ်ခံစားနေရတယ်လို့ သိရပါတယ်။

သြစတြေးလျ အနေနဲ့ ကပ်ရောဂါကာလအတွင်း နိုင်ငံတကာကနေ ဝင်ရောက်လာမယ့်သူတွေကို နှစ်နှစ်နီးပါး ပိတ်ထားခဲ့ရပြီးတဲ့နောက် နောက်ဆက်တွဲ အနေနဲ့ ပြင်းထန်တဲ့ အလုပ်သမားဈေးကွက် ကန့်သတ်ချက်တွေနဲ့ ထိပ်တိုက် ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

နိုင်ငံပေါင်း ၃၉နိုင်ငံပါဝင်တဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း (OECD) ရဲ့ အစီရင်ခံစာမှာတော့ ကနေဒါနိုင်ငံဟာလည်း  ဖွံ့ဖြိုးပြီးနိုင်ငံတစ်နိုင်ငံ အနေနဲ့ ဒုတိယအဆိုးရွားဆုံး လုပ်သားဈေးကွက်ပြတ်လပ်မှုကို ကြုံတွေ့နေရတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် နှစ်အတန်ကြာ လုပ်ခလစာ တိုးတက်မှု ရပ်တန့်နေတာ အပါအဝင် အခြားသော ပြဿနာတွေကတော့  လာမယ့် ဩစတြေးလျအစိုးရသစ် အတွက် အဓိက ရင်ဆိုင်ကြုံတွေရမယ့် အရေးကြီး ကိစ္စရပ်တစ်ခု ဖြစ်လာမှာလည်း သေချာနေပြီ ဖြစ်ပါတယ်။

Ref: cna

Visited 13 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *