မက္ကဆီကို၊ ဧပြီ ၁
မက္ကဆီကိုနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းမှာ တရုတ်ရွှေ့ပြောင်းနေထိုင်သူ ရှစ်ယောက် သေဆုံးနေတာကို တွေ့ ခဲ့တယ်လို့ အာဏာပိုင် တွေက ဧပြီ ၁ရက် အစောပိုင်းမှာ ပြောပါတယ်။
မှောက်သွားတဲ့ လှေဟာအမေရိကန်ကို တရားမဝင် ဝင်ရောက်ဖို့ကြိုးစားခဲ့တာဖြစ်ပြီး အန္တရာယ်များတဲ့ လမ်းကြောင်းတလျှောက် တိမ်းမှောက်သွားခဲ့တာလို့သိရပါတယ်။
အမျိုးသမီးခုနစ် ယောက်နဲ့အမျိုးသားတစ်ယောက်တိုရဲ့ ရုပ်အလောင်း တွေကို အိုအာဇာကာ ပြည်နယ် ဆန်ဖရန်စစ္စကို ဒယ်လ်မာမြို့ကကမ်းခြေတစ်ခုမှာ ပြီးခဲ့တဲ့ သောကြာနေ့ မတ်လ၂၉ရက် နေ့က ရှာဖွေတွေ့ရှိခဲ့တာလို့ ပြည်နယ်အစိုးရရှေ့နေရုံးရဲ့ထုတ်ပြန်ချက် ဖော်ပြထားပါတယ်။
ဂွာတီမာလာနယ်စပ်က တာပါချူလာပြည်နယ်၊ ခရီရာပတ်စ် ပြည်နယ်ကန ထွက်ခွာလာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ မက္ကဆီကန်အမျိုးသားတစ် ယောက် မောင်းနှင်တဲ့ လှေပေါ်မှာ လိုက်ပါလာခဲ့တာဖြစ်တဲ့အကြောင်း အိုအာဇာကာအစိုးရရှေ့နေရုံးက ပြောပါတယ်။
တရုတ်နိုင်ငံသားတစ်ယောက်က တော့ အသက်ရှင်ကျန်ရစ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လှေသမားက ဘာဖြစ်သွားတယ်ဆိုတာ ကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားဘူးလို့ သိရပါတယ်။
Ref: CNN
Feature Image Credit: CNN



