ရွှေဘိုမြို့မှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့

စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုမြို့မှာ သြဂုတ်၃၁ရက်နေ့မနက်အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မနက်၃နာရီကတည်းက ရွာတဲ့မိုးက မနက်၉နာရီအထိကို မတိတ်သေးဘူး။အနိမ့်ပိုင်းကျတဲ့နေရတွေမှာဆိုရင် လမ်းပေါ်က ရေက အိမ်ထဲထိဝင်ကုန်တယ်´´လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ရွှေဘိုမြို့မှာ သြဂုတ်လ၃၁ရက်နေ့မနက်ပိုင်း က မိုးသည်းစွာရွာသွန်းမှုကြောင့် မြို့ပေါ်ရှိလမ်းများပေါ်မှာ ရေတင်ကျန်မှုများဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက တညီတညွတ်တည်းပြောဆိုခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *