ရွှေဘိုမြို့ဈေးမှာ ပေါက်ကွဲမှုနှစ်ခု ဖြစ် ပွား

စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုမြို့ရှိ မြို့မဈေးအတွင်း ငါးဈေးတန်းအနီး ဈေးအိမ် သာနားမှာ ဇူလိုင်လ၁၆ရက် မနက်၇နာရီ ကျော်ကမိနစ်ပိုင်းသာခြားပြီး မိုင်းပေါက် ကွဲမှုနှစ်ခုဖြစ်ပွားခဲ့တာကြောင့် ဈေးအ တွင်းမှာ ရောက်ရှိနေတဲ့ သံဃာတော် တစ်ပါးအပါအဝင် လူ၁၀ဦးခန့် မိုင်းစ ထိမှန် ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေ သခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မိုင်းပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ် အဖွဲ့အစည်းက လုပ်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သူတွေကိုတော့ လူနာ တင်ယာဉ်တွေနဲ့ ရွှေဘိုဆေးရုံကို ပို့ပေး ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *