၂၈ နိုဝင်ဘာလ ၊၂၀၂၃
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက၊ နိုဝင်ဘာလ ၂၂ ရက်၊ ညနေ (၆) နာရီမှာသိမ်းပိုက်နိုင်ခဲ့တယ်လို့ NUGဘက်က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

တပ်မတော် ဘက်က တပ်သား (၈) ဦး ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ပါအသိပေးထုတ်ပြန်ထားပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်၊ နံနက် (၆) နာရီမှာ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့အသိပေးထားပါတယ်။
Visited 17 times, 1 visit(s) today



