ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ပုလဲလမ်းမ၊၁၄လမ်းဆုံအနီးမှာ အောက်တိုဘာလ၁၆ရက်ညပိုင်းက လူ နာတင်ကားနဲ့တွဲကား တိုက်မိမှုဖြစ်ပွားခဲ့ပြီး လူနာတင်တင်ကားပေါ်ပါ လူမှုညီရေးအသင်းဝင်တစ်ဦးနဲ့လူနာတစ်ဦး သေဆုံးခဲ့ရတဲ့ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


ယာဥ်တိုက်မှုဖြစ်စဥ်ကတော့ လူနာတင်ကားကို မောင်းနှင်လာသူတွေဟာ လမ်းဖြတ်ကူးသူကို ရှောင်တိမ်းရင်း လမ်းဘေးမှာရပ်နားတဲ့ကားကို တိုက်မိခဲ့တာကြောင့် ယာဥ်ပေါ်မှာ လိုက်ပါလာတဲ့ လူမှုညီရေးအသင်းဝင်တစ်ဦးနဲ့လူနာတစ်ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာလေးယောက်ရရှိခဲ့တယ်လို့ သိရပါတယ်။


ယာဥ်တိုက်မှုကြောင့် လူမှုရေးအသင်းဝင်တစ်ဦး သေဆုံးသွားခဲ့ရတဲ့အသင်းကတော့We Love Care Burma လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းကလို့ သိရပါတယ်။
Visited 1 times, 1 visit(s) today