ရွှေပြည်သာမြို့နယ် မော်တော်ယာဥ်နှစ်စီး မီးလောင်မှုဖြစ် ပွား

■မီးလောင်မှုဖြစ်ပွားရတဲ့အကြောင်းအရင်း မသိရသေး

ရန်ကုန်တိုင်းဒေသကြီး၊ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၆) ရပ်ကွက်၊ အောင်မေတ္တာလမ်းထိပ်မှာဖေဖော်ဝါရီလ၁၄ ရက်မနက်၅နာရီခန့်က မော်တော်ယာဥ်(၂)စီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဘယ်လိုကနေ မီးလောင်တာလဲတော့ မသိဘူး။ပစ်ခတ်ပေါက်ကွဲတဲ့အသံတွေကြားနေရတာ။နောက်တော့မှ ကားတွေ မီးလောင်ပြီး ပေါက်ကွဲလို့ ထွက်တဲ့အသံဖြစ်မှန်း သိရတာ။ကားဆေးဘောဒီလုပ်တဲ့ကားတွေပါ။အတူရပ်ထားတဲ့ကား၅စီးထဲက ၂စီး မီးလောင်သွားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မီးလောင်မှုဖြစ်ပွားရာကို ရွှေပြည်သာမြို့နယ်မီးသတ်စ ခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီးနဲ့လှော်ကားနယ်မြေမီး သတ်စခန်းကမီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ ထွက်ခွာ မီးငြှိမ်းသတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

Visited 6 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *