ရွှေပြည်သာမြို့နယ်က Taxiယာဉ်မောင်း အမျိုးသားတစ်ယောက်ပျောက်ဆုံးနေ

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၉ ရပ်ကွက်၊ ယုဇနလမ်းမှာ နေ ထိုင်တဲ့ Taxiယာဉ်မောင်းအမျိုးသား တစ် ယောက်ဟာ မေလ၁၃ရက်နေ့က Taxi မောင်းဖို့ ကားနဲ့အတူ ထွက်သွားရာကနေနေအိမ်ကို ပြန်ရောက်မလာဘဲ ပျောက် ဆုံးနေတဲ့လို့ သူ့ရဲ့မိသားစုက လူမှုကွန်ရက် စာမျက်နှာမှာ ကြေညာထားကို တွေ့ရပါ တယ်။

ပျောက်ဆုံးနေတဲ့ယာဉ်မောင်းရဲ့နာမည်ဟာ ဦးမျိုးမင်းလတ်ဖြစ်ပြီး အသက်၄၈အရွယ် ဖြစ်တယ်လို့လည်းသိရပါတယ်။

ရန်ကုန်မြို့တွင်းမှာ Taxiယာဉ်မောင်းတွေကို သတ်ပြီး ကားကို လုယူသွားတဲ့ဖြစ်စဉ်တွေ ကလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၊ မတ်လ နဲ့ဧပြီလတွေမှာ ဆက်တိုက်ဖြစ်ပွား နေ ပါတယ်။

Visited 24 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *