ရွှေပြည်သာတွင် ယနေ့နံနက်က ဓားပြတိုက်မှုဖြစ်

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် ယနေ့ ၂၀၂၃စက်တင်ဘာလ ၉ ရက် နံနက်က ဓားပြတိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Mask တပ်ပြီး ဦးထုပ်ဆောင်းထားသော လူ ၆ ဦးက ရွှေပြည်သာမြို့နယ်၊ (၉)ရပ်ကွက်၊ မြမာလာ(၃) လမ်းရှိနေအိမ်တစ်ခုသို့ ဝင်ရောက်ကာ ဓားပြတိုက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ဓားပြတိုက်ခံရသည့် နေအိမ်တွင် အသက် ၆၇ နှစ်အရွယ် အမျိုးသမီးကြီးနှင့်သားဖြစ်သူ လေဖြတ်ဝေဒနာ ရှင်တစ်ဦးတို့ ရှိနေချိန် နေအိမ်ရှေ့မှ အမည်တစ်ခုကို ရွတ်ဆိုခေါ်သောကြောင့် ယင်းအမျိုးသမီးကြီးက ထွက်ြ ကည့်ခဲ့စဉ် သေနတ်ဖြင့် နောက်ကျောသို့ ထောက်၍ ဝင်ရောက်ဓားပြတိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓားပြများက အိမ်အတွင်းသို့ ဝင်ရောက်ကာ ငွေကျပ် သိန်း ၂၀၀ ခန့် တန်ဖိုးရှိ ပစ္စည်းများကို ယူသွားကြောင်း ၊အဆိုပါ ဖြစ်စဉ်ကို ရွှေပြည်သာ မြို့မ ရဲစခန်းတွင် အမှူဖွင့်ထားပြီး လိုက်လံစုံစမ်းနေကြကြောင်း သိရသည်။

Visited 14 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *