ရွှေပေါက်ကံမှာ မိသားစုလေးယောက်စီးလာတဲ့ဆိုင်ကယ်ကို ကားက ဝင်တိုက်ရာမှာ လေးယောက်စလုံး သေဆုံး

မိသားစုဝင်လေးယောက်စလုံးကို သေအောင်တိုက်သတ်သွား ကားကိုမောင်းနှင်သူဟာ ထွက်ပြေး

ရွှေပေါက်ကံ(ရန်ကုန်)၊ ဖေဖေါ်ဝါရီ ၂၄

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊မော်ကျွန်းကားမှတ်တိုင်အနီးမှာ ဖေဖော်ဝါရီ လ၂၄ရက် ည၉နာရီက မိသားစုလေးယောက် စီးလာတဲ့ဆိုင်ကယ်ကို လမ်းပြောင်းပြန်မောင်းနှင်လာတဲ့ ကားက ဝင်တိုက်မိရာ ဆိုင်ကယ်နဲ့လာတဲ့ မိသားစုလေးယောက်စလုံး သေဆုံးခဲ့ရပါတယ်။

မိသားစုဝင်လေးယောက်စလုံးကို သေအောင်တိုက်သတ်သွား ကားကိုမောင်းနှင်သူဟာ ထွက်ပြေးခဲ့ပေမယ့် ယခုမှာ ပြန်မိပြီလို့  သိရပါတယ်။

အဲ့ဒီယာဉ်တိုက်မှုမှာ ဖခင်ဖြစ်သူဦးဌေးအောင်(၃၃)နှစ်၊မိခင်ဖြစ်သူ ဒေါ်အေးမြတ်သူ(၃၂)နှစ်နဲ့သားဖြစ်သူ မောင်ဇွဲထက်ပိုင် (၄)နှစ် တို့ဟာ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့ရပြီး သမီးဖြစ်သူမအိမ့်ချစ်ပိုင်(၇)နှစ်ကတော့ မေဓာဝီဆေးရုံမှာ သေဆုံးသွား ခဲ့တာလို့ သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်ပွားတဲ့နေရာကို ကုသိုလ်တော်(ပါ လေရာ)လူမှုကူညီကယ်ဆယ်ရေးအသင်းက ကူညီကယ်ဆယ်ရေး လုပ်ငန်း တွေ ဆောင်ရွက်ပေးခဲ့ကြပါတယ်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသွားတဲ့မိသားစုလေးယောက်ဟာ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ အမှတ်(၂၂)ရပ်ကွက်၊ အနော်ရထားလမ်းမှာ နေထိုင်ကြတဲ့သူတွေ ဖြစ်ကြပါတယ်။

ဓာတ်ပုံ—ကုသိုလ်တော်(ပါလေရာ)လူမှုကူညီကယ်ဆယ်ရေးအသင်း

Visited 354 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *