ရွှေတောင်မြို့ ကြာနီကန်ရပ်မှာ နေအိမ် တစ်လုံး မီးလောင်မှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့၊ ကြာနီ ကန်ရပ်ကွက်၊ သစ်ချိုပင်လမ်းက နေ အိမ်တစ်လုံးမှာ သြဂုတ်လ၁၁ရက်နေ့ မနက်၁၁နာရီကျော်က မီးလောင်မှုတစ် ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မီးလောင်ကျွမ်းမှုဖြစ်ပွားရာကို ရွှေ တောင်မြို့နယ်မီးသတ်စခန်း မီးငြှိမ်း သတ်ယာဉ်(၂)စီး၊ရေသယ်ယာဉ်(၁)စီး၊ ကြာနီကန်ရပ်ကွက်အရန်မီးသတ်စခန်း မှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ယွန်းတန်း ရပ်ကွက်အရန်မီးသတ်စခန်းမှ မီး

ငြှိမ်းသတ်ယာဉ်(၁)စီး၊ သရက်တော ရပ်ကွက်အရန်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီးတို့ ထွက်ခွာ ငြှိမ်း သတ်ပေးခဲ့ရပြီး မနက်၁၁နာရီ ၁၂မိနစ်မှာ မီးငြှိမ်းသတ်ပေးနိုင်ခဲ့တယ်လို့ သိရ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *