ရွှေတိဂုံစေတီတော်ပေါ် တစ်တော့မရိုက်ဖို့ ဂေါပကတားမြစ်

၄ ဩဂုတ်၊၂၀၂၃

ရန်ကုန်မြို့က အထင်ကရ ရွှေတိဂုံစေတီတော်ပေါ် တစ်တော့တွေ မရိုက်ရဘူးလို့ ဂေါပကအဖွဲ့က အခုရက်ထဲမှာပဲ တားမြစ်စာထုတ်လိုက်ပါတယ်။

စေတီတော်ရင်ပြင်မှာလည်း တားမြစ် သတိပေးစာတွေ ကပ်ထားပြီး၊ရိုက်တဲ့သူတွေကိုလည်း လာတားမြစ်တာတွေ ရှိနေတယ်လို့ တစ်တော့သုံးသူအချို့က ပြောကြပါတယ်။

“သူတို့က အဂါရဝလို့ ပြောတယ်။လွန်လွန်ကျူးကျူးဆော့တာတွေကျရင် တစ်မျိုးပေါ့။ ဘယ်သူကမှ စကပ်အတိုတွေနဲ့ ရိုက်နေကြလို့လဲ။နောက်ပြီး စေတီတော်ရင်ပြင်ကို အမျိုးသမီးတွေဆို ဂျင်းဘောင်းဘီနဲ့တောင် မလာရဘူးလေ။နောက်ယောင်္ကျားလေးဆိုလဲ ဘောင်းဘီအတိုတောင် မဝတ်ရဘူး။အဂါရဝက ဘာကိုပြောတာလဲမသိ။ ဒါက ခေတ်နောက်ပြန်စွဲတာလို့ မြင်တယ်”လို့ တစ်တော့ သုံးစွဲသူတစ်ဦးကပြောပါတယ်။

တစ်တော့အသုံးပြုသူ သန်းချီရှိနေတဲ့ မြန်မာနိုင်ငံမှာ အခုလို တားမြစ်မှုက မဖြစ်သင့်ဘူးလို့လည်း ထောက်ပြတာတွေ ရှိနေပါတယ်။

ခရီးသွားဝန်ဆောင်မှုလုပ်ငန်းရှင်တစ်ဦးကတော့ ခရီးသွားပရိုမိုးရှင်းတောင် ဖြစ်သေးတယ်။ဒီလိုဆော့ကြတာက လို့ သူ့အမြင်ကိုပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *