ရွှေညဝါဆရာတော်က ရန်ကုန်ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့NLD ပါတီနာယကသူရဦးတင်ဦးကို ကြွရောက်တွေ့ဆုံ

■သူရဦးတင်ဦး(၉၇နှစ်)ဟာ ရွှေညဝါဆရာတော်ကို သင်္ကန်း ကပ်လှူလိုတာကြောင့် ဆရာတော် ကြွရောက်ခဲ့တာဖြစ်

ရန်ကုန်ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့NLD ပါတီနာ ယကသူရဦးတင်ဦးကို ဖေဖော်ဝါရီလ၂၀ရက်နေ့က ရွှေညဝါဆရာ တော် ကြွရောက်တွေ့ဆုံခဲ့တယ်လို့ ဆရာတော်ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ရွှေညဝါဆရာတော် ကြွရောက်တွေ့ဆုံရာမှာ NLD ပါတီနာယကသူရဦးတင်ဦးနဲ့အတူ NLDပါတီ ဗဟိုအလုပ် အ မှုဆောင်ဒေါက်တာမျိုးညွန့်လည်း အတူရှိနေခဲ့ပါတယ်။

ဆေးဝါးကုသမှုခံယူနေတဲ့ NLD ပါတီနာယကသူရဦး

တင်ဦးဟာ အသက်အရွယ်နဲ့ကျန်းမာရေးအခြေအနေကြောင့် စကားမပီသပေမယ့် အသိသတိမလွတ်ဘဲ ဆရာညတော်ကို မှတ်မိတယ်လို့ ဆရာတော်က မိန့်ပါတယ်။

အသက်၉၇နှစ်အရွယ် NLDပါတီနာယကသူရဦးတင်ဦးဟာ ရာသီတုပ်ကွေးကြောင့် ဖေဖော်ဝါရီလ၄ရက်နေ့က တည်းက ရန်ကုန်ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေတာလို့ သိရပါတယ်။

Visited 17 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *