ရွှေစျေး သိန်း၄၀ကျော်လာ

၆ မတ်၊၂၀၂၄

ရန်ကုန်ရွှေစျေးကွက်မှာ ၁၆ ပဲရည်အခေါက်ရွှေတစ်ကျပ်သားကို ဒီနေ့နေ့လယ်ပိုင်းက ငွေကျပ် ၄၀သိန်းကျော်အထိ စံချိန်တင်မြင့်တက်ခဲ့တယ်လို့သိရပါတယ်။

၁၆ပဲရည်တစ်ကျပ်သားကို၄၀၁၀၀၀၀ကျပ်၊၁၅ပဲရည်ရွှေစျေး 3,769,000ကျပ်အထိမြင့်တက်ခဲ့တယ်လို့ ရွှေစျေးကွက်အတွင်း စုံစမ်းသိရှိရပါတယ်။

ဖေဖော်ဝါရီလအတွင်းက ပြည်တွင်းရွှေစျေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်သား ၃၈ သိန်း ၈ သောင်းကျပ်ကျော််အထိသာ စျေးနှုန်းမြင့် တက်ခဲ့တယ်လို့ ရွှေဝယ်သူအချို့က ပြောပါတယ်။

“အချို့ဆိုင်တွေကအရောင်းပိတ်ထားတယ်။အထည်တွေပဲရောင်းတယ်။အချို့ကစျေးမရေးပေးဘဲ ရွှေအလေးချ်ိန်ပဲရေးပေးတယ်။ရွှေစျေးက စံချိန်တင် တက်နေတယ်ဆိုပေမယ် ဝယ်သူပဲရှိတယ်။”လို့ရွှေဝယ်ခဲ့သူအမျိုးသမီးတဦးက ပြောပါတယ်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်ကြီးများအသင်းရဲ့၂၀၂၄ ခုနှစ်၊ မတ်လ (၆) ရက်ညနေပိုင်းထုတ်ပြန်ချက်အရအကယ်ဒမီ မီးလင်းရွှေစျေးကွက် အပိတ်ဈေးနှုန်း3,797,900/-(ကျပ် သုံးဆယ့် ခုနှစ်သိန်း ကိုးသောင်း ခုနှစ်ထောင့် ကိုးရာ) ကမ္ဘာ့ရွှေဈေး (World Gold Price)1 Ounce = 2127 USD$ရှိတယ်လို့အသိပေးထားပါတယ်။

Visited 12 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *