ရွှေစင်တစ်ပိဿာ၊ ရွှေဒင်္ဂါးပြားတစ်ပြားနဲ့ သီရိပျံချီဘွဲ့ (ရွှေစင်၆ကျပ်သား) တို့ကို ရွှေတိဂုံစေတီတော်မြတ်ကြီးထံ တိပိဋကယောဆရာတော်ကြီး လှူ ဒါန်း

■မြတ်စွာဘုရားရှင်ရဲ့ ” ရွှေဉာဏ်တော် “ကိုရည်စူးပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ရွှေစင်ရွှေပြားကပ်လှူဖို့ လှူဒါန်းခဲ့တာဖြစ်

ရွှေစင်တစ်ပိဿာ၊ ရွှေဒင်္ဂါးပြားတစ်ပြားနဲ့ နိုင်ငံတော်ကချီးမြှင့်ခဲ့တဲ့ သီရိပျံချီဘွဲ့ (ရွှေစင်၆ကျပ်သား) တို့ကို ရွှေတိဂုံစေတီတော်မြတ်ကြီးထံ ဖေဖော် ဝါရီလ၂၇ရက်မနက်ပိုင်းက တိပိဋကယောဆရာတော်ကြီးမှ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

တိပိဋကယောဆရာတော်ကြီးရဲ့ လှူဒါန်းမှုကို ရွှေတိဂုံ စေတီတော်ဂေါပကလူကြီးများနဲ့ တိုင်းဒေသကြီးသာ သာနာရေးမှူးတို့က လက်ခံရယူခဲ့ကြပါတယ်။

တိပိဋကယောဆရာတော်ကြီးရဲ့ လှူဒါန်းမှုအစုစုတန်ဖိုးမှာ ကျပ်သိန်း(၄၃၀၀)လေးထောင်သုံးရာသိန်းခန့်ရှိတယ်လို့ သိရပါတယ်။

Visited 98 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *