ရွှေချထားတဲ့  မမ်မီ ရုပ်အလောင်းတစ်ခု အီဂျစ်ရှေးသုပညာရှင်တွေ ရှာတွေ့

အသစ်ထပ်တွေ့တဲ့ ဂူသင်္ချိုင်း ကို တွေ့ရပုံ
Photo Credit: Getty Images

ကိုင်ရို၊ ဇန်နဝါရီ ၂၇

နှစ် ၄၃၀၀ လုံးလုံး မဖွင့်ရသေးတဲ့ဂူအခေါင်း  တစ်ခုထဲမှာ ရွှေချထားတဲ့ မမ်မီရုပ်အလောင်းတစ်ခု အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တောင်ဘက်က သင်္ချိုင်းတစ်ခုမှာ ရှာဖွေတွေ့ရှိခဲ့တဲ့အကြောင်း အီဂျစ်ရှေးဟောင်းသုတေသနပညာ ရှင်တွေက ထုတ်ဖော်ပြောလိုက်ပါတယ်။

 တွေ့ခဲ့တဲ့ မမ်မီနာမည်က ဟက်ကာရှက်ပ်လို့ အမည်ရပြီး   အီဂျစ်မှာ တွေ့ရှိဖူးသမျှ တော်ဝင်မဟုတ်တဲ့ အသက်အကြီးဆုံးနှင့် အပြည့်စုံဆုံး အမျိုးသား အလောင်းတွေထဲကမှ တစ်ခုလို့ ဆိုပါတယ်။။

အဲ့ဒိ ရုပ်အလောင်းကို ကိုင်ရိုမြို့ တောင်ဘက် စက်ကားရာလို့ခေါ်တဲ့ သင်္ချိုင်းနေရာရဲ့ ၁၅ မီတာ (ပေ ၅၀)  မှာ တွေ့ခဲ့ကြတာဖြစ်ပြီး နောက်ထပ် ဂူသင်္ချိုင်းသုံးခုကိုလည်း တွေ့ခဲ့တယ်လို့ သိရပါတယ်။

ရှေးဟောင်းသုတေသနပညာရှင် အီဂျစ်ရှေးဟောင်းသုတေသနဝန်ကြီးဟောင်း ဇာဟီ ဟာဝစ် က ရှာဖွေတွေ့ရှိမှုအားလုံးဟာ ၂၅ဘီစီကနေ ၂၂ဘီစီ ကာလဝန်းကျင်က လို့ ပြောပါတယ်။

“ဒီရှာဖွေတွေ့ရှိမှုက ဘုရင်တွေနဲ့ သူတို့ပတ်ဝန်းကျင် လူတွေရဲ့ ထိတွေ ဆက်ဆံမှုကို ချိတ်ဆက်လို့ရနိုင်မယ့် အထောက်အကူကိုပေးတဲ့အတွက် အရမ်းအရေးကြီးပါတယ်” လို့ တူးဖော်မှုမှာ ပါခဲ့တဲ့ အခြားရှေးဟောင်းသုတေသနပညာရှင် အလီ အာဘူ ဒက်ရှိ က ပြောပါတယ်။

စက်ကားရာဟာ နှစ်ပေါင်း ထောင် ကျော် သက်တမ်းရှိတဲ့  သင်္ချိုင်းမြေဖြစ်ပြီး ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာတစ်ခုလည်း ဖြစ်ပါတယ်။  ရှေးခေတ်အီဂျစ်မြို့တော်မန်းဖစ်မှာတည်ရှိပြီး  ဒီနေ့ အသစ်တွေ့ခဲ့တဲ့ မမ်မီရှိတဲ့ နေရာအနီးတစ်ဝိုက်မှာလည်း စတက်ပ် ပီရမစ် အပါအဝင် နောက်ထပ် ပိရမစ်တစ်ဒါဇင်ကျော်လည်း ဒီနေ့တိုင် ရှိနေတာ ဖြစ်ပါတယ်။

အီဂျစ်ဟာ သူ့ရဲ့ ခရီးသွား လုပ်ငန်းကို ပြန်အသက်သွင်းဖို့  ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေနဲ့ မကြာသေးတဲ့ နှစ်တွေက  အဓိကကျတဲ့ ရှေးဟောင်းသုတေသန ရှာဖွေတွေ့ရှိမှု အတော်များများကို လည်း ထုတ်ဖော်ပြ သခဲ့ ကြပါသေးတယ်။

နှောင့်နှေးမှုအမျိုးအမျိုးကြောင့် ဒီနှစ်မှ ဖွင်နိုင်မယ့် Grand Egyptian ပြတိုက်ကို အစိုးရက ၂၀၂၈ ခုနှစ် အရောက်မှာတော့ တစ်နှစ်ကို  ကမ္ဘာလှည့်ခရီးသွား သန်း ၃၀ လာဖို့  မျှော်လင့်ထားတယ်လို့ သိရပါတယ်။

ဒီလို ကိစ္စတွေနဲ့ ပတ်သက်ပြီး  အီဂျစ်အစိုးရက ပညာရပ်ဆိုင်ရာ သုတေသနပြုမှုထက်   ခရီးသွားလုပ်ငန်းကို ပို ဆွဲဆောင်ဖို့ လုပ်နေတာလို့ ဝေဖန်သူတွေလည်း အများအပြားရှိနေတယ်လို့ သိရပါတယ်။

Ref: BBC

Leave a Reply

Your email address will not be published. Required fields are marked *