ရွှေကျင်နိကာယဥပဥက္ကဋ္ဌမဟာနာယက စည်ရှင်ဆရာ တော်ကြီး ဘဝနတ်ထံပျံလွန်တော်မူ

ရွှေကျင်နိကာယဥပဥက္ကဋ္ဌမဟာနာယက၊အဘိဓဇမဟာရဋ္ဌဂုရု၊နိုင်ငံတော်သြဝါဒါစရိယ၊မဟာဝိသုဒ္ဓါရုံတိုက်သစ် မဟာနာယက၊ကျေးဇူးတော်ရှင် ဝိသုဒ္ဓါရုံ စည်ရှင်ဆရာတော်ကြီးဘဒ္ဒန္တအဂ္ဂဉာနာဘိဝံသဟာ ၁၃၈၅-ခု တန်ဆောင်မုန်းလဆန်း (၇) ရက်၊(၁၉-၁၁-၂၀၂၃) တနင်္ဂနွေနေ့ နံနက် ၉-နာရီ ၃၃မိနှစ်မှာ ပျံလွန်တော်မူသွားပြီလို့ ဆရာတော်ကြီးရဲ့တပည့်သာဝကအသိုင်း အဝိုင်းက သိရပါတယ်။

ကျေးဇူးတော်ရှင် စည်ရှင်ဆရာတော်ကြီးဘဒ္ဒန္တအဂ္ဂဉာနာဘိဝံသဟာ ပျံလွန်တော်မူချိန်မှာ သက်တော်၈၅နှစ် ဝါတော်၆၆ဝါကို ရောက်ရှိနေပြီး ဆရာတော်ကြီးရဲ့ အန္တိမအဂ္ဂိဈာပနအခမ်းအနားကျင်းပမယ့်ရက်နဲ့ အစီ အစဉ်များကို စျာပနအခမ်းအနားကျင်းပ‌ရေးကော်မတီက အသေးစိတ် ထပ်မံအသိပေးကြေညာသွားမယ်လို့လည်း သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *