ရွှေကျင်နိကာယဥပဥက္ကဋ္ဌမဟာနာယက စည်ရှင်ဆရာ တော်ကြီးရဲ့ ရုပ်ကလာပ်တော်အား ဧရာဝတီမြစ်ကမ်းဘေးတွင် လောင်တိုက်နဲ့ မီးပူဇော်သွား

ရွှေကျင်နိကာယဥပဥက္ကဋ္ဌမဟာနာယက၊အဘိဓဇမဟာရဋ္ဌဂုရု၊နိုင်ငံတော်သြဝါဒါစရိယ၊မဟာဝိသုဒ္ဓါရုံတိုက်သစ် မဟာနာယက၊ကျေးဇူးတော်ရှင် ဝိသုဒ္ဓါရုံ စည်ရှင်ဆရာတော်ကြီးဘဒ္ဒန္တအဂ္ဂဉာနာဘိဝံသသက်တော် (၈၅) နှစ် ဝါတော် (၆၆) ဝါရဲ့ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနားကို နိုဝင်ဘာ လ၂၃ရက်နေ့လယ် ၁၂နာရီမှာ ကျင်းပသွားမှာဖြစ်ပြီး ဆရာ တော်ကြီးရဲ့ ရုပ် က လာပ်တော်အား မဟာအောင်မြေမြို့နယ်၊၃၉လမ်းနှင့် လမ်း၄၀ကြား၊ဧရာဝတီမြစ်ကမ်းဘေးရှိ ဧရာဦးဆိပ် ကမ်း ဈာပနကွင်းတွင် လောင်တိုက်ဖြင့် မီးပူဇော်သွားမှာဖြစ်ကြောင်း စျာပနအခမ်းအနားကျင်းပ‌ ရေးကော်မတီမှ သိရသည်။

စျာပနအခမ်းအနားကျင်းပမည့် ပထမည(၂၁-၁၁- ၂၀၂၃) တွင် ဓမ္မသဘင် ဓမ္မကထိက ဆရာတော်အဖြစ် တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက ယောဆရာတော်ကြီးကလည်းကောင်း ဒုတိယည(၂၂-၁၁-၂၀၂၃)တွင် ဓမ္မသ ဘင် ဓမ္မကထိကဆရာတော်အဖြစ် ပါမောက္ခချုပ်ဆရာ တော်ကြီးကလည်း ကောင်း တရားဟောသွားမှာဖြစ်ပြီး အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနားနေ့တွင် သီတ ဂူဆရာတော်ကြီးက ရေ စက်ချသံဝေဂတရား ချီးမြှင့်ပေးသွားမှာဖြစ်ကြောင်း သိရသည်။

စည်ရှင်ဆရာတော်ကြီးဘဒ္ဒန္တအဂ္ဂဉာနာဘိဝံသသက်တော် (၈၅) နှစ် ဝါတော် (၆၆) ဝါရဲ့ထေရုပ္ပတ္တိအကျဥ်းမှာ ဆရာ တော်လောင်းလျာကို စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဘုမ္မနိုး (ဆင်ကျွန်းရွာ)နေ ခမည်းတော်ဦးအောင်ကျော်နှင့်မယ်တော်ဒေါ်သိန်းမိတို့က ခရစ်သက္က ရာဇ်ဒီဇင်ဘာလ၇ရက် ၁၉၃၈ခုနှစ်၊မြန်မာသက္ကရာဇ် ၁၃၀၀ပြည့်နှစ်၊နတ်တော်လဆန်း ၁၃ရက်၊တနင်္ဂနွေနေ့တွင် ဖွားမြင်တော်မူခဲ့ပြီး အသက်၁၂ နှစ်သားအရွယ်မှာ ဘုမ္မနိုး(ဆင်ကျွန်းရွာ) ရွာကျောင်းတွင် ရှင်သာမဏေပြုခဲ့ပြီး အသက် ၁၈နှစ်အရွယ်တွင် ပထမငယ်နှင့်ပထမလတ်တန်းများကို အောင်မြင်တော်မူခဲ့ကာ ၁၃၂၀ခုနှစ် ခမည်းတော်နှင့်မယ်တော်တို့က ရဟန်းဒါယကာနှင့် ဒါ ယိကာမ အဖြစ်ခံယူပြီး ဒက္ခိဏာရာမကျောင်းဆရာတော်ထံ ဥပဇ္ဇျာယ်ပြု ရဟန်းအဖြစ် ခံယူတော်မူခဲ့သည်။

အရှင်အဂ္ဂဉာနာသည် မန္တလေးမဟာဝိသုဒ္ဓါရုံတိုက်သစ် စည်ရှင်ကျောင်းဆရာတော်ထံတွင် ပညာဆည်းပူးခဲ့ပြီး ၁၃၂၄ခုနှစ်တွင် သာသနဓဇဓမ္မာစရိယဘွဲ့ ၊ ၁၃၂၅ခုနှစ်တွင် ဝိနယပါဠိပါရဂူဘွဲ့၊ ၁၃၂၆ခုနှစ်တွင် ပရိယတ္တိသာသနဟိတဓမ္မာစရိယဘွဲ့၊၁၃၅၃ ခုနှစ်တွင် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘွဲ့တံ ဆိပ်တော်၊၁၃၆၀ခုနှစ်တွင် အဂ္ဂ မဟာပဏ္ဍိတဘွဲ့တံဆိပ်တော်၊၁၃၇၉ ခုနှစ်တွင် ရွှေကျင်နိကာယဥပဥက္ကဋ္ဌမဟာနာ ယက၊ ၁၃၈၂ခုနှစ်တွင်အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်တို့ကို ဆပ်ကပ်ပေးအပ်ချီးမြှင့်ခံခဲ့ရကြောင်း သိရသည်။

Visited 2 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *