ရွေးကောက်ပွဲ အပြီး မရေရာ မသေချာတဲ့ အခြေအနေတွေ ကြုံခဲ့ပေမယ့် နောက်ဆုံးမှာတော့ အန်နဝါ အီဘရာဟင် တစ်ယောက် မလေးရှား ၀န်ကြီးချုပ်ဖြစ်လာ

မသေချာမရေရာမှုတွေနဲ့  ကြုံခဲ့ရပြီးတဲ့နောက် အန်နဝါ အီဘရာဟင် ဟာ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။
Photo Credit: GETTY IMAGES

ကွာလာလန်ပူ၊ နိုဝင်ဘာ ၂၄

မလေးရှား နိုင်ငံရဲ့ အထွေထွေ ရွေးကောက်ပွဲအပြီး ရက်အတန်ကြာ မရေရာမှုတွေ ကြုံခဲ့ရပြီးတဲ့နောက်  ဒီနေ့မှာတော့ဝါရင့်အတိုက်အခံခေါင်းဆောင်  ၇၅နှစ် အရွယ် အန်နဝါ အီဘရာဟင် တစ်ယောက်  မလေးရှားနိုင်ငံရဲ့ ၁၀ယောက်မြောက် ၀န်ကြီးချုပ်အဖြစ်  ကျမ်းသစ္စာကျိန်ဆိုနိုင်ခဲ့ပြီလို့ သိရပါတယ်။

ဝန်ကြီးချုပ်အသစ်ဖြစ်လာတဲ့ မစ္စတာ အန်နဝါ အီဘရာဟင်ရဲ့ နိုဝင်ဘာ၁၉ ရွေးကောက်ပွဲ နောက်ဆုံးမဲ့ရလဒ်တွေ က ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့ပေမယ့်သူရဲ့ ပါတီတစ်ခုတည်းနဲ့ အစိုးရဖွဲ့နိုင်လောက်တဲ့ မဲအရေအတွက်မရခဲ့ဘဲ သူ့ရဲ့ အဓိက ပြိုင်ဘက် ဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း ရာဆင်းရဲ့ ပါတီကိုမဲခွဲ ပေးလိုက်ရတဲ့ အနေအထားမှာ မရေမရာ ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

ညှိုနှိုင်းတာတွေ လုပ်ခဲ့ပြီးတဲ့နောက်တော့ မလေးရှားဘုရင် ဆူလ်တန် အက်ဘဒူလာ က  အန်နဝါ အီဘရာဟင်ကို မလေးရှားနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ်ပြီး ကျမ်းသစ္စာဆိုစေခဲ့တာဖြစ်ပါတယ်။

“မလေးရှားဘုရင်မင်းမြတ်ရဲ့ သဘောထားအမြင်တွေကို ထည့်သွင်းစဉ်းစားပြီးတဲ့နောက်မှာတော့ ဘုရင်မင်းမြတ် က အန်နဝါ အီဘရာဟင်ကို မလေးရှားနိုင်ငံရဲ့ ၁၀ ယောက်မြောက် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရသွားပါပြီ” လို့ ဘုရင့် နန်းတော်က ၂၀၂၂  နိုဝင်ဘာ ၂၄ရက် ကြာသပတေးနေ့ အစောပိုင်းက ထုတ်ပြန်ကြေညာ လိုက်တာ ဖြစ်ပါတယ်။

အခုလို ရွေးကောက်ပွဲ ရလဒ်တွေ ထွက်ပေါ်လာအပြီး သေချာတဲ့ ရွေးချယ်မှု တစ်ခု ရဖို့ ငါးရက်ကြာ အပြင်း အထန် ဆွေး နွေးခဲ့ရတယ် လို့လည်း သိရပါတယ်။

အစိုးရသစ်က ဘယ်လိုပုံစံလုပ်မယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူးလို့ နိုင်ငံရေး သမားတွေက ထုတ်ဖော်ပြောနေပါတယ်။

အန်နဝါ အီဘရာဟင်ဟာ အရင် မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီရာ မိုဟာမက် လက်အောက်မှာ ဒုတိယ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး အကျင့်ပျက်ချစားမှု၊ လိင်တူဆက်ဆံမှု စတဲ့ စွဲချက်တွေနဲ့ နှစ်ရှည်ထောင်ဒဏ် ကျခံခဲ့ရသူလည်း ဖြစ်ပါတယ်။

Ref: BBC , VOA

ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာဆိုနေတဲ့ အန်နဝါ အီဘရာဟင်
Photo Credit: Malaysia World News

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *