ရွေးကောက်ပွဲရဲ့ နောက်ဆုံး ရလဒ်ထုတ်ပြန်ချက်အရ ကာကွယ် ရေးဝန်ကြီး ပရာဘိုဝို အင်ဒိုနီးရှားသမ္မတသစ်ဖြစ်ဖို့ ကျိန်းသေနေ

ဂျာကာတာ၊ မတ် ၂၂

ရွေးကောက်ပွဲရဲ့ ရလဒ်တွေ အပြီးသတ် ထုတ်ပြန်ကြော်ငြာလိုက်ချိန်မှာတော့ ကာကွယ်ရေးဝန်ကြီး ပရာဘိုဝိုဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတသစ်ဖြစ်ဖို့ ကျိန်းသေသလောက် ရှိသွားပြီလို့ သိရပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ ပရာဘိူဝိုဟာ လူထုဆန္ဒမဲ ၆၀ရာခိုင်နူန်း ကျော် အထိရခဲ့တယ်လို့ ဆိုပါတယ်။

ဒီရလဒ်ထွက်ပေါ်အပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့က တရားဝင် အောင်ပွဲအတွက် ပရာဘိုဝို့ကို  ချီးကျူးဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။

အထွေထွေရွေးကောက်ပွဲကော်မရှင် (KPU) ဟာ ပြီးခဲ့တဲ့ မတ်လ ၂၀ရက်  ဗုဒ္ဓဟူးနေ့မှာ ပရာဘိုဝိုရဲ့ နိုင်မဲစာရင်းကို အတည်ပြုပေးခဲ့ကြတာ ဖြစ်ပါတယ်။

အသက် ၇၂ နှစ်အရွယ် ကာကွယ်ရေးဝန်ကြီးနဲ့  သူ့ရဲ့ အရွေးခံဖော်ဖြစ်သူ  သမ္မတ ဝီဒိုဒို ရဲ့  သားကြီးဖြစ်တဲ့ ဆူရာကာတာ မြို့တော်ဝန် ဂီဘရန် ရာကာဘူမင် ရာ့က က မဲ ၅၈ ဒသမ ၅၈ ရာခိုင်နှုန်းနဲ့ ဒုတိယလိုက်ခဲ့တာမို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းတွေအရ သူတို့နှစ်ယောက်ဟာနိုင်ငံရဲ့  ပြည်နယ် ၃၈ ခုအနက် ၃၆ ခုမှာ  မဲအများဆုံးရခဲ့တဲ့ အကြောင်း သိရပါတယ်

Ref: Jakata Post

ပုံစာ။ အနိုင်ရသွားတဲ့ သမ္မတလောင်း ပရာဘိုဝို ကို မတ်လ ၂၀ ရက်က တွေ့ရပုံ

Feature Image Credit:  Reuters/Willy Kurniawan

Visited 46 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *