ရွေးကောက်ပွဲရလဒ်ကို ပြောင်းပစ်ဖို့ အားထုတ်မှုနဲ့ သမ္မတဟောင်း ဒေါ်နယ် ထရမ့် အပါအဝင် ၁၈ယောက် စွဲချက်တင်ခံရ

သမ္မတဟောင်း ဒေါ်နယ် ထရမ့်ကို စွဲချက်တင်လိုက်တဲ့ ခရိုင်ရှေ့နေ ဖါနီ ဝီးလစ်စ်
Photo Credit: John Bazemore/AP, FILE

ဂျော်ဂျီယာ၊ ဩဂုတ် ၁၅

ဖူလတန်ကောင်တီ ခရိုင်ရှေ့နေ ဖါနီ ဝီးလစ်စ် နဲ့ တရားရေးအဖွဲတွေဟာ သမ္မတဟောင်း ဒေါ်နယ် ထရမ့် အပါအဝင် သူ့ရဲ့ မဟာမိတ် ၁၈ယောက်ကို ရွေးကောက်ပွဲရလဒ် ပြောင်းပစ်ဖို့ အားထုတ်ခဲ့တယ် ဆိုတဲ့   အကြောင်းပြချက်နဲ့ ဩဂုတ်လ ၁၅ ရက်နေ့က စွဲချက်တင်လိုက်ပါတယ်။

 နှစ်ရှည်လများ စုံစမ်းစစ်ဆေးမှုအပြီး ခရိုင်ရှေ့နေက အခုလို စွဲချက်တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။အခုစွဲချက်က ထရမ့်အတွက်  အပြင်းထန်ဆုံး တရားရေးဆိုင်ရာစိန်ခေါ်မှု ဖြစ်လာခဲ့ပြီလို့လည်း အကဲခတ် စောင့်ကြည့်သူတွေက ဆိုပါတယ်။

ခရိုင်ရှေ့နေ ဝီးလစ်စ်ရဲ့ စွဲချက်အရ ထရမ့် ဟာဂျော်ဂျီယာ ပြည်နယ်ထဲက ၂၀၂၀ ရွေးကောက်ပွဲရဲ့ ရလဒ်တွေကို လွှမ်းမိုး ထိန်းချုပ်ဖို့ ကြိုးပမ်းခဲ့တယ်ဆိုတဲ့ အကြောင်းရပ်နဲ့ ပတ်သက်ပြီး အကျင့်ပျက်တိုက်ဖက်ရေးဥပဒေ (RICO) အရ ထရမ့်နဲ့ ၁၈ယောက်ကို စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။

စွဲချက်တင်ခံထားရတဲ့ တခြားတရားခံတွေက သူတို့ မဲဆန္ဒပြည်နယ်မှာ ထရမ်ရဲ့ အရှုံးရလဒ်ကို  လက်ခံဖို့ ငြင်းဆိုခဲ့ကြပြီး ရွေးကောက်ပွဲရလဒ်ကို ဥပဒေနဲ့မညီတာ သိလျက်နဲ့ ပြောင်းလဲပစ်ဖို့ တမင်တကာ ပူးပေါင်းကြံစည်ခဲ့ကြတာပါ” ဆိုပြီး စွဲချက်မှာ  ဖော်ပြထားတယ်လို့ သိရပါတယ်။

ဒီစွဲချက်အရက ပြစ်မှုထင်ရှားစီရင်ခြင်းခံရမယ်ဆိုရင် အနည်းဆုံးထောင်ဒဏ်ငါးနှစ်အထိ ချမှတ်ခံရမှာ ဖြစ်ပြီး သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကလည်း ဒီပြစ်မှုကို အကာအကွယ် မပေးနိုင်ဘူးလို့ သိရပါတယ်။

Ref: ABC

Feature Image Credit: AP

Leave a Reply

Your email address will not be published. Required fields are marked *