
Photo Credit: CJ
မတ်(၂၃)၊၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ရွာငံမြို့နယ်၊စျေးတန်းရပ် ကွက်၊ သာသနာ့ဗိမာန်အနီးက မြနန္ဒာကန်အတွင်း မတ် လ၂၂ရက်နေ့ညနေပိုင်းအချိန်က လူငယ်တစ်ဦး ရေ ဆင်းချိုးရာကနေ ရေနစ်ပြီး သေဆုံးခဲ့ရတယ်လို့ ကူညီပေးသူအချို့က ပြောပါတယ်။
“မြန္ဒာရေကန်ကလူစိမ်းတွေရေချိုးလို့မရဘူး အခုနစ်တာကလည်း လာလည်တဲ့ဧည့်သည် အရင်ရက်က မိုး ရွာထားတော့ရေကပြည့်နေတယ် သတိထားဖို့ပါ။ “လို့ ဒေသခံတဦးက ပြောပါတယ်။
သေဆုံးသူမှာ အသက်၁၇နှစ်အရွယ် တောင်ကြီးမြို့က
လာရောက်သူလို့ သိရှိရပြီး၊ ရွာငံမြို့နယ် ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံကို ပို့ဆောင်ခဲတယ်လို့ ကူညီပေးခဲ့သူတဦးက ပြောပါတယ်။
ရေနစ်မှုဖြစ်ပွားရာနေရာကိုမြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ရွာငံမြို့နယ်နဲ့ ရွာငံမြို့နယ်မီးသတ်အဖွဲ့ဝင်များ ဒေသခံလူထုများ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနဲ့ပူးပေါင်းရှာဖွေရာ ရေနစ်ပြီး တစ်နာရီအကြာ သေဆုံးရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။



